၂၀.၆.၂၀၂၆
Translated by Htwe Ko Tun
အမေရိကန်ပြည်ထောင်စု သမ္မတ ဒေါ်နယ်ဒ်ထရမ့်ပ်ရဲ့ အီတလီနိုင်ငံ အမျိုးသမီးဝန်ကြီးချုပ် မယ်လိုနီအပေါ် နိုင်ငံခေါင်းဆောင်အချင်းချင်း မှတ်ချက်တွေကြောင့် အီတလီဒုတိယဝန်ကြီးချုပ်နဲ့ နိုင်ငံခြားရေးဝန်ကြီး အန်တိုနီယို တာဂျာနီက တုံ့ပြန်တဲ့အနေနဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီအိုနဲ့ တွေ့ဆုံဖို စီစဉ်ထားသည့် အမေရိကန်ပြည်ထောင်စုကို သွားရောက်မယ့် ခရီးစဉ်ကို ဖျက်သိမ်းလိုက်တယ်လို့ ဇွန်လ ၁၉ ရက်မှာ ကြေညာခဲ့ပါတယ်။
တာဂျာနီက ထရမ့်ပ်ရဲ့ ပြောဆိုချက်တွေကို စော်ကားမှုပဲလို့ ခေါ်ဆိုခဲ့ပြီး မယ်လိုနီကလည်း လုံးဝလုပ်ကြံထားတာလို့ ပြောခဲ့ပါတယ်။
တစ်ချိန်က နီးကပ်ခဲ့တဲ့ ခေါင်းဆောင်တွေကြား ဆက်ဆံရေး ယိုယွင်းလာမှုကို ပြင်သစ်မှာ ဒီအပတ်ပြုလုပ်ခဲ့တဲ့ G7 ထိပ်သီးအစည်းအဝေးမှာ ပြန်လည်ပြင်ဆင်မှု လက္ခဏာတွေ ပေါ်လာပြီးနောက်မှာ ဒီဖြစ်ရပ်က အမေရိကန်နဲ့ ဥရောပ မဟာမိတ်တွေကြား နောက်ထပ်အက်ကွဲမှုတစ်ခုရဲ့ နောက်ဆုံးကျဆင်းမှုပဲလို့ ဆိုရမှာပါ။
အီတလီနိုင်ငံ La7 TV နဲ့ တွေ့ဆုံမေးမြန်းမှုတစ်ခုမှာ ထရမ့်ပ်က မယ်လိုနီက ထိပ်သီးအစည်းအဝေးမှာ အတူတူ ဓာတ်ပုံရိုက်ဖို့ သူ့ကိုတောင်းပန်ခဲ့တယ်လို့ ပြောဆိုခဲ့ပြီး သူမအတွက် စိတ်မကောင်းဖြစ်မိလို့ မလွှဲသာမရှောင်သာ လက်ခံခဲ့ရတယ်လို့ ပြောခဲ့တာကို သတင်းဌာနက တင်ထားတဲ့ အီတလီဘာသာပြန်မှာ ဖော်ပြထားပါတယ်။
ထရမ့်ပ်က “သူမက ကျွန်တော့်ကို သူမနဲ့ ဓာတ်ပုံရိုက်ပေးဖို့ တောင်းပန်ခဲ့တယ်။ သူမက ကျွန်တော်နဲ့ ဓာတ်ပုံ အတူတူ အရမ်းရိုက်ချင်နေတယ်။ ကျွန်တော် မရိုက်ချင်ပါဘူး။ ဒါပေမယ့် သူမအတွက်တော့ စိတ်မကောင်းပါဘူး” လို့ ပြောပါတယ်။
မယ်လိုနီက ဇွန်လ ၁၉ ရက် မနက်က တင်ထားတဲ့ ပြတ်သားတဲ့ စကားလုံးတွေနဲ့ ဗီဒီယိုတစ်ခုမှာ ထရမ့်ပ်ရဲ့ မှတ်ချက်တွေကို ငြင်းဆိုခဲ့ပြီး ချက်ချင်းတုံ့ပြန်မှု ခံထိုက်တယ်လို့ ပြောပါတယ်။ X မှာ တင်ထားတဲ့ ဗီဒီယိုမှာ မယ်လိုနီက “ဒေါ်နယ်ထရမ့်ရဲ့ ထုတ်ပြန်ချက်တွေက လုံးဝလိမ်ညာထားတာပါ။ ကျွန်မ တကယ်ကို အံ့သြမိပါတယ်။ အမေရိကန်သမ္မတက သူ့ရဲ့ မဟာမိတ်တွေအပေါ် ဘာကြောင့် ဒီလိုပြုမူလဲဆိုတာ ကျွန်မနားမလည်ပါဘူး။ ဒါ ပထမဆုံးအကြိမ်လည်း မဟုတ်ပါဘူး” လို့ ပြောခဲ့ပါတယ်။
“အနောက်အုပ်စုရဲ့ ရန်သူတွေ၊ အမေရိကန်ပြည်ထောင်စုရဲ့ ရန်သူတွေ၊ သူ ပိုပြီး လိုက်လျောညီထွေဖြစ်တဲ့ ခေါင်းဆောင်တွေနဲ့ ပတ်သက်ပြီး သူ့မှာ အဲဒီလို စိတ်ပိုင်းဖြတ်မှု မရှိတာက ရှက်စရာပဲလို့ပဲ ကျွန်မပြောနိုင်ပါတယ်” လို့ သူမက ဆက်ပြောပါတယ်။
“ဒါပေမယ့် တစ်ခုတော့ မှတ်ထားရမယ်။ အီတလီနဲ့ ကျွန်မက ဘယ်တော့မှ တောင်းပန်မှာမဟုတ်ဘူး” လို့ မယ်လိုနီက ပြောကြားခဲ့ပါတယ်။
တာဂျာနီဟာ လာမယ့်အပတ်အစောပိုင်းမှာ အမေရိကန်ကို လာရောက်ဖို့ စီစဉ်ထားပြီး မိုင်ယာမီမှာ ကျင်းပမယ့် အီတလီ-အမေရိကန် စီးပွားရေး၊ ရင်းနှီးမြှုပ်နှံမှု၊ သိပ္ပံနှင့် ဆန်းသစ်တီထွင်မှုဖိုရမ်ကို တက်ရောက်ဖို့ စီစဉ်ထားပါတယ်။
ဇွန်လ ၁၉ ရက် နှောင်းပိုင်းမှာ NBC News နဲ့ တွေ့ဆုံမေးမြန်းမှုတစ်ခုမှာ ထရမ့်ပ်က မယ်လိုနီအပေါ် သူမဟာ နေတိုးအဖွဲ့နှင့်အတူ ရှိနေခြင်းမရှိတာကြောင့် ရေလက်ကြားနဲ့ပတ်သက်နေတာကြောင့် သူမကို ပရိသတ်တစ်ဦးအဖြစ် မလိုချင်ပါ” လို့ ပြောကြားခဲ့ပါတယ်။
ဒီဖြစ်ရပ်က ထရမ့်ပ်နဲ့ မယ်လိုနီတို့အကြား ပထမဆုံး ရန်ပွဲတော့မဟုတ်ပါဘူး။ ထရမ့်ပ်ဟာ အီရန် ပဋိပက္ခမှာ အမေရိကန်ကို လုံလောက်စွာ မကူညီနိုင်လို့ဆိုခဲ့တဲ့ မယ်လိုနီနဲ့ အီတလီကို ပိုမိုကျယ်ပြန့်စွာ ဝေဖန်ခဲ့သေးတာပါ။
မယ်လိုနီကို ထရမ့်ပ်ရဲ့အနောက်ဥရောပမှာ အခိုင်မာဆုံး မဟာမိတ်အဖြစ် ကျယ်ကျယ်ပြန့်ပြန့် သတ်မှတ်ခဲ့ကြပေမယ့် အီရန်နဲ့ စစ်ပွဲမှာ ပါဝင်ရန် ငြင်းဆိုမှုကြောင့် နှစ်နိုင်ငံဆက်ဆံရေး တင်းမာနေခဲ့တာပါ။
Ref; CNN
