၁၄.၆.၂၀၂၆
Written by Htwe Ko Tun
အမေရိကန်ပြည်ထောင်စု သမ္မတ ဒေါ်နယ်ဒ်ထရမ့်ပ်က အမေရိကန်ပြည်ထောင်စုနဲ့ အီရန်နိုင်ငံတို့အကြား သဘောတူညီချက်တစ်ရပ်ကို ဇွန်လ ၁၄ ရက်မှာ လက်မှတ်ရေးထိုးဖို့ စီစဉ်ထားတယ်လို့ လူမှုမီဒီယာမှာ ရေးသားဖော်ပြခဲ့တယ်လို့ သိရပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ဒ် ထရမ်ပ်က အီရန်နဲ့ သဘောတူညီချက်ကို ဇွန်လ ၁၄ ရက်မှာ လက်မှတ်ရေးထိုးဖို့ စီစဉ်ထားပြီး ဒီနောက် ဟောမုဇ်ရေလက်ကြားကိုလည်း ချက်ချင်းပြန်လည်ဖွင့်လှစ်သွားမယ်လို့ ပြောခဲ့ပါတယ်။
ဒါပေမယ့် အီရန် အစ္စလာမ်မစ်တော်လှန်ရေးအစောင့်တပ်က ဇွန်လ ၁၄ ရက်မှာ လက်မှတ်ရေးထိုးဖို့ အစီအစဉ်ရှိတယ်ဆိုတာကို ငြင်းဆိုခဲ့ပြီး ထရမ့်ပ်ရဲ့ ထိုနေ့မှာ လက်မှတ်ထိုးဖို့ ပုံမှန်မဟုတ်တဲ့ အတင်းအကျပ် တောင်းဆိုမှုကို ဝေဖန်ခဲ့ပါတယ်။ အီရန်ဘက်က သဘောတူညီချက်အတွက် မူဘောင်တစ်ခုကို အပြီးမသတ်ရသေးဘူးလို့ ပြောကြားခဲ့ပါတယ်။
လူကိုယ်တိုင်တွေ့ဆုံခြင်းက ထောက်ပံ့ပို့ဆောင်ရေးဆိုင်ရာ အခက်အခဲတွေနဲ့ လုပ်ငန်းစဉ်အတွက် လမ်းလွဲစေနိုင်လို့ အမေရိကန်အရာရှိတွေအနေနဲ့ အွန်လိုင်းမှလက်မှတ်ရေးထိုးဖို့ စီစဉ်နေတယ်လို့ CNN သတင်းဌာနကို သတင်းရင်းမြစ်တွေက ပြောကြားခဲ့ပါတယ်။ နားလည်မှုစာချွန်လွှာက မူဘောင်ကို မည်သို့အကောင်အထည်ဖော်မယ်ဆိုတာ ရက်ပေါင်း ၆၀ ကြာ ညှိနှိုင်းဆွေးနွေးပွဲတွေကို စတင်မှာဖြစ်ပြီး ကျန်ရှိနေတဲ့ အတားအဆီးတွေကို ဖြေရှင်းသွားမယ်လို့ အမေရိကန်အရာရှိတစ်ဦးက ဇွန်လ ၁၂ ရက် မှာ ပြောကြားခဲ့ပါတယ်။
သဘောတူညီချက်နဲ့ ပတ်သက်လို့ အီရန်ရဲ့ နှစ်ဘက်လိုက်နာရမယ့် စည်းကမ်းချက်တွေဆိုင်ရာ ဖော်ပြချက်တွေက အီရန် နျူကလီးယားအစီအစဉ်ရဲ့ အနာဂတ်၊ ဒေသတွင်း အီရနိုထောက်ခံတဲ့အဖွဲ့တွေနဲ့ အမေရိကန်ကထိန်းချုပ်ထားတဲ့ အီရန်ပိုင်ငွေကြေးတို့လို အဓိကကိစ္စရပ်တွေအပါအဝင် အမေရိကန်က ထုတ်ပြန်တဲ့ သဘောတူညီချက်ဆိုင်ရာ အသေးစိတ်အချက်အလက်အချို့နဲ့ မတူညီဘဲ ကွဲပြားနေတာက သဘောတူညီချက် အမှန်တကယ်လက်မှတ်ထိုးနိုင်ပါ့မလား သံသယမေးခွန်းတွေ ဖြစ်စေပါတယ်။
နှစ်ဘက်အစိုးရတွေက သဘောတူဘီချက် ရရှိရေးအတွက် အပြုသဘောဆောင်တဲ့ လက္ခဏာတွေ ပြကြပေမယ့် ဒေသတွင်း တိုက်ခိုက်မှုတွေကလည်း ဆက်လက်ဖြစ်ပွားနေဆဲလို့ ဆိုပါတယ်။
Ref———-CNN
