၁၂.၆.၂၀၂၆
Translated by Htwe Ko Tun
ဖိလစ်ပိုင်နိုင်ငံ၊ မင်ဒါနာအိုကျွန်းတွင် ဇွန်လ ၈ ရက်နံနက်က လှုပ်ခတ်သွားခဲ့သော ပြင်းအား မဂ္ဂနီကျူ့ ၇ ဒသမ ၈ အဆင့်ရှိ ငလျင်ကြောင့် သေဆုံး ဒဏ်ရာရ ပျောက်ဆုံးသူအရေအတွက်မှာ မြင့်တက်လာနေဆဲဖြစ်ရာ လေးရက်အကြာတွင် သေဆုံးသူ ၅၅ ဦးအထိ မြင့်တက်လာပြီး လူ ၁,၁၂၀ ဦး ဒဏ်ရာရရှိခဲ့ကြောင်း တွေ့ရှိခဲ့ကာ ၃၈ ဦးပျောက်ဆုံးနေဆဲဖြစ်ကြောင်း အမျိုးသားဘေးအန္တရာယ် လျှော့ချရေးနှင့် စီမံခန့်ခွဲရေးကောင်စီ (NDRRMC) မှ ဇွန်လ ၁၂ ရက် နံနက်တွင် ပြောကြားခဲ့သည်။
ငလျင်ဒဏ်ကို အဆိုးရွားဆုံး ထိခိုက်ခံရသော ရပ်ရွာများတွင် ရှာဖွေကယ်ဆယ်ရေးနှင့် ပြန်လည်ရယူရေးလုပ်ငန်းများ ဆက်လက်လုပ်ဆောင်နေကြောင်းလည်းသိရသည်
NDRRMC ၏ပြောကြားချက်အရ ငလျင်ဒဏ်က လူဦးရေ ၃၉၀,၀၀၀ ကျော်ရှိသော မိသားစု ၈၆,၀၀၀ ကို သက်ရောက်မှုရှိခဲ့ပြီး အိုးအိမ် ၁၉၀၀၀ ခန့် ပျက်စီးခ့ကြောင်း သိရသည်။ မြို့နှင့် စည်ပင်သာယာဒေသ ၄၈ ခုမှာလည်း လျှပ်စစ်ဓာတ်အားပြတ်တောက်သွားခဲ့သည်။
အဓိက ငလျင်ကြီးလှုပ်အပြီး လေးရက်ခန့်အတွင်းမှာပင် နောက်ဆက်တွဲငလင် ၃,၈၆၀ လှုပ်ခတ်ခဲ့ကြောင်း NDRRMC က ပြောခဲ့သည်။
Ref-China Daily



