


နေမိုး
၂. ၆. ၂၀၂၆
ကာလရှည်ကြာ ဖြစ်ပွားနေသော အသည်းကင်ဆာဖြင့် ယနေ့သေဆုံးသွားသော ဒါရိုက်တာ မင်းထင်ကိုကိုကြီးကို လူအနည်းငယ်ဖြင့် အကျဥ်းချုံးပြီး နေ့ချင်းသင်္ဂြိုဟ်လိုက်ပြီဖြစ်ကြောင်း သိရသည်။
“ငြိမ်းချမ်းစွာ တိတ်ဆိတ်စွာ မင်းထင်ကိုကိုကြီးစျာပနကို ရေဝေးမှာပဲ ၁၂ နာရီလောက်က ကျန်ရစ်သူမိသားစုရဲ့ဆန္ဒအရ အကျဥ်းခြုံးပြီး ငြိမ်သက်စွာ၊ တိတ်ဆိတ်စွာ ဆောင်ရွက်ပြီးစီးခဲ့ပါပြီ။ သူ့မိတ်ဆွေ ကဗျာဆရာ အနည်းငယ် နှုတ်ဆက်ပို့ဆောင်ခဲ့ကြပါတယ်” ဟု စာရေးဆရာ သစ္စာနီက မင်းထင်ကိုကိုကြီး၏ ပုံရိပ်နှင့်တကွ အသိပေးထားသည်။
ဒါရိုက်တာ မင်းထင်ကိုကိုကြီးမှာ ၂၀၁၈ ခုနှစ်ကတည်းက အသည်းကင်ဆာဝေဒနာခွဲစိတ်ခဲ့ရသလို ၂၀၂၃ ခုနှစ်တွင်လည်း တစ်ကျော့ပြန်အသည်းကင်ဆာဖြစ်ပွားပြီးနောက် ယနေ့ သေဆုံးခဲ့ရပြီး နေ့ချင်းသင်္ဂြိုဟ်ခဲ့ခြင်းဖြစ်သည်။
ယနေ့သေဆုံးသွားသော မင်းထင်ကိုကိုကြီးအတွက် ကျန်ရစ်သူမိသားစု လာမည့် တနင်္ဂနွေနေ့တွင် ရက်လည်ဆွမ်းသွတ်မည်ဟုလည်း သမီးဖြစ်သူ မယ်မင်းထင် မိသားစုက အသိပေးထားသည်။
