ပုံစာ။ YBPC က ယနေ့ စတင်ပြေးဆွဲပေးသော တွံတေး - ဒလ ယာဥ်လိုင်းမြင်ကွင်း (Photo - U Nay Win)
သက်တံ့
၁. ၆. ၂၀၂၆
တွံတေးမြို့နယ်ရှိ မိဘပြည်သူများအတွက်တွံတေးမှ ဒလသို့လည်းကောင်း၊ ဒလမှတစ်ဆင့် ဆူးလေနှင့် Cherry ကူးတို့သို့လည်းကောင်းအဆင်ပြေစွာ ချိတ်ဆက်သွားလာနိုင်ရန် “ဒလ – တွံတေး” ခရီးစဉ်အသစ်အား ရန်ကုန်ဘတ်စ်ကားအများနှင့် သက်ဆိုင်သောကုမ္ပဏီလီမိတက် – YBPC မှ ရှေ့ပြေးစီမံချက်အဖြစ် ယနေ့ ဇွန်လ (၁) ရက်နေ့မှ ဇွန်လ (၅) ရက်နေ့အထိ စမ်းသပ်ပြေးဆွဲပေးနေပြီဖြစ်သည်။
ပြေးဆွဲမည့်လမ်းကြောင်းမှာ တွံတေး ရွှေဆံတော်ဘုရားမှ ဒလ Cherry Gate အထိ ဖြစ်ပြီး စုစုပေါင်း မှတ်တိုင် (၁၄) ခုဖြင့်ပြေးဆွဲသွားမည်ဖြစ်သည်။
ယာဉ်စီးခနှုန်းထားများမှာ YPS ကတ်ဖြင့် စီးနင်းခ ၇၀၀ ကျပ်၊ ငွေသားဖြင့် စီးနင်းခ ၈၀၀ ကျပ် ဖြစ်သည်။
YPS ကတ်များကို ရွှေဆံတော်ဘုရားနှင့် Cherry Gate တို့တွင်ဝယ်ယူနိုင်မည်ဖြစ်ပြီး ယာဉ်များပေါ်တွင်လည်း ဝယ်ယူနိုင်မည်ဖြစ်သည်။ ထို့အတွက် စီးနင်းခ ကျပ် ၆၀၀၀ ပါဝင်သောကတ်ကို ကတ်တန်ဖိုးအပါအသဝင် ၁၅၀၀၀ ကျပ်ဖြင့် ရောင်းချပေးမည်ဖြစ်သည်။ ထို့ပြင် ရဟန်းသံဃာတော်များအား အခမဲ့ စီးနင်းခွင့်ပြုသွားမည်ဖြစ်သည်ဟု ရန်ကုန်ဘတ်စ်ကားအများနှင့် သက်ဆိုင်သော ကုမ္ပဏီလီမိတက် (YBPC) က ကြေညာသည်။
ပုံစာ။ YBPC က ယနေ့ စတင်ပြေးဆွဲပေးသော တွံတေး – ဒလ ယာဥ်လိုင်းမြင်ကွင်း (Photo – U Nay Win)


