၁.၆.၂၀၂၆
Written by KL
ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့၊ ထန်းပေါက်(၅) ရွာအုပ်စု၊ ငါးထောင်းရွာတွင် ငါးမျှားနေသော အမျိုးသားကြီးတစ်ဦး ရေနစ်သေဆုံးမှု မေလ ၃၁ ရက် ညနေ ၄ နာရီခွဲခန့်က ဖြစ်ပွားခဲ့ကြောင်း ကယ်ဆယ်ရေးဆောင်ရွက်ခဲ့သူများထံမှ သိရသည်။
အသက် ၅၄ နှစ်အရွယ် အမျိုးသားကြီးမှာ ငါးမျှားနေစဥ် ပစ္စည်းမျောပါသွားသဖြင့် လိုက်လံဆယ်ယူရာမှ ရေနစ်ပျောက်ဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ရေနစ်ပျောက်ဆုံးနေသူကို ပြည်မြို့အခြေစိုက် ပရဟိတ ပါရမီအသင်း၊ မနုဿမေတ္တာ လူမှုကူညီရေးအသင်း၊ နှလုံးသားမေတ္တာရှင် လူငယ်များအသင်း၊ ပွင့်လှသိပ်ကုန်း လူမှုကူညီရေးအသင်းတို့ပူးပေါင်းကာ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်ခဲ့ရာ တစ်နာရီကျော်အကြာ ညနေ ၅ နာရီ ၄၀ မိနစ်ခန့်တွင် ရုပ်အလောင်းကို ပြန်လည်ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။
သေဆုံးသူ အမျိုးသားကြီး၏ရုပ်အလောင်းကို ပရဟိတ ပါရမီအသင်းမှ အသင်းဝင်များက ပြည်မြို့ ခုတင် ၅၀၀ ဆံ့ ပြည်သူ့ဆေးရုံကြီး ရင်ခွဲရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။




