




၂၈.၅.၂၀၂၆
Written By Thandar
Moving Forward Film Production က အခြေခံလူတန်းစားတွေဘဝကို အခြေခံထားတဲ့ ဇာတ်လမ်းပုံစံ “ဒုက္ခကို ပြုံးပြလိုက်ပါ” ရုပ်ရှင်ဇာတ်ကားကြီး Premiere Show ပွဲအခမ်းအနားကို မေလ ၂၇ ရက် ညနေပိုင်းက ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ်ရှိ နဝဒေးရုပ်ရှင်ရုံမှာ ကျင်းပခဲ့ပါတယ်။
“ဒီဇာတ်ကားမှာ မာပိုဆိုတဲ့ ကာရိုက်တာနဲ့ ပါဝင်ထားပါတယ်။ မမြတ်လေးရဲ့ အမေကတော့ မကြီးစိုးပေါ့နော်။ အခြေခံလူတန်းစားဘဝကို တည်ပြီးရိုက်တဲ့ကားပါ။ ဒီကားက ဝါရင့်သရုပ်ဆောင်တွေရော နောက် Generation ကလေးတွေလည်းပါတယ်။ ဇာတ်လမ်းဇာတ်အိမ်လေးကလည်း ကောင်းတာမို့ ပရိသတ်တွေ လာရောက်အားပေးကြလို့ ပြောချင်ပါတယ် ” လို့ အကယ်ဒမီ အေးမြတ်သူကပြောပါတယ်။
ဒီဇာတ်ကားကို ဇာတ်လမ်း/ဇာတ်ညွှန်း ၊ သက်ဦးမောင်ကရေးသားပြီးတော့ ဒါရိုက်တာ မီးပွားက သရုပ်ဆောင် တွေဖြစ်တဲ့ အကယ်ဒမီမို့မို့မြင့်အောင်၊ အကယ်ဒမီစိုးမြတ်သူဇာ၊ အကယ်ဒမီအေးမြတ်သူ၊ စိုးမိုးကြည်၊ မိုးပြည့်သက်ချယ်၊ ဘုန်းမင်းနေလ၊ တေဇလင်းရောင်၊ ကျော်ဇေယျ၊ ဆင်မ၊ သိန်းလင်းစိုး၊ မင်းတော်ဝင်၊ ဆင်မတို့ ပါဝင်ထားကြပါတယ်။
“ဒုက္ခကို ပြုံးပြလိုက်ပါ” ရုပ်ရှင်ဇာတ်ကားကြီးကို မေလ ၂၉ ရက်နေ့မှစတင်ပြီး တစ်နိုင်ငံလုံးရှိ ရုပ်ရှင်ရုံတွေမှာ ရုံတင်ပြသမှာဖြစ်ပါတယ်။
“ဘဝမှာ ဒုက္ခတွေကြုံလာခဲ့ရင် ဘာလုပ်မှာလဲပေါ့။ တကာ်တော့လည်း ဒုက္ခဆိုတာ ကျော်ဖြတ်ပြီးရင် ဟာသတွေအဖြစ် ကျန်ခဲ့တာပါပဲလေ။ ဒီဇာတ်ကားအတိုင်း အဲဒါကြောင့် ဒုက္ခတွေကြုံလာခဲ့ရင်ကို ပြုံးပြလိုက်ပါအဓိပ္ပါယ်လေးပါ “လို့ အကယ်ဒမီမို့မို့မြင့်အောင်ကပြောပါတယ်။
