နေမိုး
၂၂. ၅. ၂၀၂၆
နေအိမ်တွင်ရှိနေသော အမျိုးသားနှစ်ဦးကို PDF ၁၀ ဦးက ဒလန်ဟုသမုတ်ကာ ဖမ်းဆီးသွားပြီး သတ်ဖြတ်လိုက်မှု ဖြစ်ပွား ဆင်ပေါင်ဝဲမြို့နယ်တွင် မေ ၂၀ ရက်က ဖြစ်ပွားခဲ့သည်ဟု သိရှိရသည်။
NUG ဩဇာခံ PDF များ၏ ကျူးလွန်မှုဖြစ်စဉ်မှာ ၂၀၂၆ ခုနှစ် မေ ၂၀ ရက် နံနက် ၃ နာရီတွင် မကွေးတိုင်းဒေသကြီး၊ ဆင်ပေါင်ဝဲမြို့နယ်၊ အင်ပင်လှကျေးရွာနေ ဦးမြင့်ဌေး(၅၆)နှစ်နှင့် ဦးမြင့်စိုးခိုင်(ခ)ကုလား(၄၉)နှစ်တို့သည် ၎င်းတို့၏နေအိမ်များ၌ ရှိနေစဉ် PDF ၁၀ ဦးခန့်က ဆိုင်ကယ် ငါးစီးဖြင့် ရောက်ရှိလာပြီး ဒလန်ဟု တံဆိပ်ကပ်ကာ ဖမ်းဆီး ခေါ်ဆောင်၍ ကျေးရွာတောင်ဘက် တစ်မိုင်ခန့်အကွာ၌ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် ၎င်းတို့ နှစ်ဦးတွင် ကျည်ထိမှန် ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ကြောင်း သိရသည်။

နောက်ဆုံးထုတ်ပြန်ချက်များအရ နွေဦးတော်လှန်ရေးစတင်ချိန် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်မှ ယမန်နှစ် ဒီဇင်ဘာလ ၂၆ ရက်အထိ NUG၊ PDF နှင့် EAOs တိုက ဒလန်၊ သူလျှိ၊ ပျူစောထီး၊ နစကယန္တရားလည်ပတ်စေသူဟု စွပ်စွဲကာ အကြမ်းဖက် သတ်ဖြတ်မှုများကြောင့် အပြစ်မဲ့အရပ်သားများ၊ သံဃာတော်များ၊ ကလေးသူငယ်များ၊ အုပ်ချုပ်ရေးဆိုင်ရာ တာဝန်ရှိသူများ၊ အစိုးရဝန်ထမ်းများ စုစုပေါင်း ၉၉၀၈ ဦး သေဆုံးခဲ့ကာ ၁၃၀၁၁ ဦး ဒဏ်ရာရရှိခဲ့သည်။
