
◾ ရန်လိုတိုက်ခိုက်မှုကို လိုလားသူနှင့် မလိုလားသူဟု နှစ်ဖက်စလုံးတွင် အုပ်စုကွဲပြား
၁၂.၅.၂၀၂၆
Translated by Htwe Ko Tun
စစ်ပွဲပြီးဆုံးရေးအတွက် အမေရိကန်ပြည်ထောင်စု သမ္မတ ဒေါ်နယ်ဒ်ထရမ့်ပ်ရဲ့ အဆိုပြုချက်ကို အီရန်အစိုးရရဲ့ နောက်ဆုံးတန်ပြန်အဆိုပြုချက်ဟာ လုံးဝလက်မခံနိုင်စရာဖြစ်တယ်လို့ ပြောခဲ့တာကြောင့် ဒါဟာ ထရမ့်ပ်အစိုးရကို စစ်ပွဲပြန်စရမယ်လို့ ယုံကြည်အောင် တွန်းအားပေးနေတယ်လို့ CNN သတင်းဌာနက ဖော်ပြခဲ့ပါတယ်။
အီရန်ရဲ့ ညှိနှိုင်းဆွေးနွေးမှုတွေကို ကိုင်တွယ်ပုံကြောင့် အမေရိကန်သမ္မတ ဒေါ်နယ်ဒ်ထရမ့်ပ်ဟာ အီရန်နဲ့ စစ်ပွဲကို မကြာခင် ပြန်စဖို့ အလေးအနက် စဉ်းစားနေတယ်လို့ သမ္မတနဲ့ နီးစပ်တဲ့ လက်ထောက်တွေက မေလ ၁၁ ရက်မှာ CNN သတင်းဌာနကို ပြောကြားခဲ့ကြတာ ဖြစ်ပါတယ်။
ထရမ့်ပ် က လက်ခံနိုင်စရာလုံးဝမရှိဘူးလို့ ပြောခဲ့တဲ့ အီရန်ရဲ့ နောက်ဆုံးတန်ပြန်အဆိုပြုချက်နဲ့အတူ ဟော်မုဇ် ရေလက်ကြားကို အီရန်က ဆက်လက်ပိတ်သိမ်းထားတာအပြင် အီရန်ခေါင်းဆောင်ပိုင်းတွေကြား သဘောထား ကွဲလွဲမှုတွေက ထရမ့်ပ်ကို အီရန်အစိုးရ ကဆန့်ကျင်လို့ စစ်ပွဲပြန်စဖို့ အဓိကတွန်းအား ပေးနေတဲ့အချက်တွေ ဖြစ်တယ် လို့ CNN သတင်းဌာနက ဖော်ပြခဲ့ပါတယ်။
ထရမ့်မ် က သတင်းထောက်တွေကို မေလ ၁၀ ရက်ကပြောကြားရာမှာ နောက်ဆုံးအဆိုပြုချက်အပြီးမှာတော့ အပစ်အခတ်ရပ်စဲရေးဟာ အသက်ကယ်အကူအညီ ဖြစ်တယ်လို့ ပြောကြားခဲ့ပြီး သူ့မှာ “အစီအစဉ်ရှိတယ်” ဆိုတာနဲ့ “အီရန်မှာ နျူကလီးယားလက်နက် မရှိနိုင်ဘူး” လို့ ပြောဆိုခဲ့ပါတယ်။
သတင်းရင်းမြစ်တွေက အမေရိကန်နဲ့ အီရန်တို့ဟာ လုံးဝဆန့်ကျင်ဘက် အချိန်ဇယားတွေနဲ့ လည်ပတ်နေပြီး အစ္စလာမ္မစ်အစိုးရကလည်း သူ့အနေနဲ့နောက်ထပ်တိုက်ပွဲတွေထက် စီးပွားရေးဖိအားကို ပိုပြီးခံနိုင်ရည်ရှိတယ်လို့ ယုံကြည်နေပုံရတယ်လို့လည်း ပြောကြားကြပါတယ်။
အမေရိကန်အစိုးရအဖွဲ့ လုံခြုံရေးဆိုင်ရာအစည်းအဝေးကို မေလ ၁၀ ရက် ညက ကျင်းပအပြီးမှာတော့ အရာရှိတွေက ထရမ့်ပ်အနေနဲ့ ရေတိုအတွင်း တိုက်ခိုက်မှုတွေ ပြန်လည်စတင်နိုင်ခြေနည်းပါးကြောင်းနဲ့ အဓိက ပြောင်းလဲမှုတွေက အမေရိကန်သမ္မတ တရုတ်နိုင်ငံသို့ သွားရောက်လည်ပတ်ပြီးနောက်မှသာ ဖြစ်ပေါ်လာနိုင်မယ်လို့ ပြောခဲ့ကြပါတယ်။
တစ်ဖန် အမေရိကန်အစိုးရအဖွဲ့အစည်းအဝေးမှာလည်း အီရန်အပေါ် စစ်ရေးအရတိုက်ခိုက်မှုတွေကိုလိုလားတဲ့ ရန်လိုသူတွေ နဲ့ စစ်ပွဲကို သံတမန်ရေးနည်းလမ်းအရသာ ဖြေရှင်းပြီးဆုံးလိုသူတွေအကြား အငြင်းပွားမှုတွေရှိနေပြီး အမေရိကန်သမ္မတရဲ့ လက်ထောက်တွေအကြား ရှင်းလင်းတဲ့ရပ်တည်ချက်နှစ်ခု ဖြစ်ပေါ်နေရတာပါ။
CNN ရဲ့အဆိုအရ ရန်လိုသောဘက်မှရပ်တည်ချက်ကအီရန်နိုင်ငံသားတွေအနေနဲ့ အမေရိကန်ရဲ့ခြိမ်းခြောက်မှုတွေကို ပိုမိုအလေးအနက်ထားစေဖို့ ပါကစ္စတန်ကြားဝင်စေ့စပ်သူတွေကိုလည်း ဖိအားပေးဖို့ ရည်ရွယ်ပြီး ရန်လိုတိုက်ခိုက်မှုတွေ ပြန်လည်စတင်ဖို့အမှန်တကယ်ဖြစ်နိုင်ခြေရှိပါတယ်။
သူတို့က ပြီးခဲ့တဲ့ရက်သတ္တပတ်အနည်းငယ်အတွင်း ပါကစ္စတန်နိုင်ငံသားတွေဟာ ဆွေးနွေးပွဲတွေရဲ့ အခြေအနေကို သမ္မတထရမ့်ပ်ရဲ့ မကျေနပ်မှုကို တစ်ဖက်ကို ပေးပို့သိရှိစေမှု ရှိမရှိ သံသယဝင်နေကြပါတယ်။ ဒါက အမေ ရိကန်သမ္မတရဲ့ လူသိရှင်ကြားထုတ်ပြန်ချက်တွေမှာ လုပ်ဆောင်နေသလိုပါပဲ။
တစ်ဖက်မှာလည်းသမ္မတရဲ့လက်ထောက်များစွာက ညှိနှိုင်းဆွေးနွေးပွဲများပြုလုပ်နေစဉ်အတွင်း အီရန်ကို တိုက်ခိုက်တာမှ ရှောင်ရှားဖို့နဲ့ သံတမန်ရေးအရ ဖွံ့ဖြိုးတိုးတက်ဖို့ အခွင့်အရေးအစစ်အမှန်ပေးဖို့ သမ္မတ ထရမ့်ပ်ကို တောင်းဆိုနေကြပါတယ်။
ဒါကြောင့်လည်း စစ်ပွဲပြီးဆုံးရေးအတွက် ရန်လိုတိုက်ခိုက်မှုကို လိုလားသူနဲ့ မလိုလားသူလို့ နှစ်စုကွဲနေတာကတော့ နှစ်ဖက်စလုံးမှာရှိနေတယ်လို့ ဆိုရမှာပါ။
Ref- CNN
