၉.၅.၂၀၂၆
Written by Linn Eain
ပဲခူးတိုင်း၊ ဥသျှစ်ပင်မြို့၊ ရွှေပင်ရပ်ကွက်တွင် ယနေ့ မေ ၉ ရက်၊ နံနက် ၁၁ နာရီခန့်က အုတ်ညှပ်နှစ်ထပ်နေအိမ်၏ စလပ်အမိုး၀ရန်တာပြိုကျ ပိမိပြီး အမျိုးသမီးတစ်ဦးသေဆုံးမှုဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီး သတ်တပ်ဖွဲ့မှ သိရသည်။
ပဲခူးတိုင်းဒေသကြီး၊ ပန်းတောင်းမြို့နယ်၊ ဥသျှစ်ပင်မြို့၊ ရွှေပင်ရပ်ကွက်၊ အမှတ်(၆)၊ ရွာပုလဲကျေးရွာရှိ အုတ်ညှပ်နှစ်ထပ်နေအိမ်တွင် စလပ်အမိုးဝရန်တာပြိုကျ၍ အမျိုးသမီးတစ်ဦး စလပ်ပြားပိ၍ ပိတ်မိနေကြောင်း သတင်းရရှိသဖြင့် အခင်းဖြစ်ပွားရာနေရာသို့ ပန်းတောင်းမြို့နယ်မီးသတ်စခန်းနှင့် ဥသျှစ်ပင်နယ်မြေမီးသတ်စခန်းတို့မှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ ရောက်ရှိလာပြီး ရှာဖွေကယ်ဆယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည်။
သို့သော် စလပ်ပြားပိမိနေသည့် အမျိုးသမီးမှာ သေဆုံးနေသဖြင့် ရုပ်အလောင်းကို ဥသျှစ်ပင်တိုက်နယ်ဆေးရုံသို့ အေးသုခပရဟိတအသင်းက ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
