


၂၅.၄.၂၀၂၆
Written by Linn Eain
ဆဋ္ဌသင်္ဂါယနာတင်အောင်ပွဲ နှစ်(၇၀)ပြည့်အထိမ်းအမှတ် မဟာမင်္ဂလာအခမ်းအနားကို ၁၃၈၈ ခုနှစ် ကဆုန်လပြည့်နေ့မှ ကဆုန်လပြည့်ကျော် ၂ ရက်အထိ (ဧပြီ ၃၀ ရက်မှ မေ ၂ ရက်အထိ) ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေ မဟာပါသာဏလိုဏ်ဂူတော်ကြီး၌ သုံးရက်တိုင်တိုင် ကျင်းပသွားမည်ဖြစ်သည်။
သို့ဖြစ်ရာ မဟာမင်္ဂလာအခမ်းအနား စတင်ကျင်းပသည့် ဧပြီ ၃၀ ရက်ညပိုင်းတွင် သီတဂူဆရာတော်ကြီး၏ အထူးတရားပွဲ ဓမ္မသဘင်ကိုလည်းကောင်း၊ မေ ၁ ရက်နှင့် ၂ ရက်တို့တွင် စာတမ်းဖတ်ပွဲများကိုလည်းကောင်း ထည့်သွင်း ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် မဟာမင်္ဂလာအခမ်းအနားတွင် ပိဋကတ်သုံးပုံကို မင်္ဂလာဆင်တော်ဖြင့် ပင့်ဆောင်ခြင်း၊ အထိမ်းအမှတ်အထူးပြပွဲ ဓာတ်ပုံပြခန်း၊ ရုပ်တုများ ခင်းကျင်းပြသခြင်းနှင့် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲတို့ ပါဝင်မည်ဖြစ်ကြောင်းသိရသည်။
ဆက်လက်၍ ဆဋ္ဌသင်္ဂါယနာတင် စာအုပ် ၃၁ အုပ်ကို Scan ဖတ်ပြီး အုပ်ရေ ၅၀၀ ပြသနိုင်ရေးနှင့် အထိမ်းအမှတ်ပစ္စည်းများအနေဖြင့် တီရှပ်၊ ရေခွက်၊ ကီးချိန်း၊ ဘောပင်၊ ပြက္ခဒိန်များ ထုတ်ဝေနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
