
၂၅.၄.၂၀၂၆.
Translated by Htwe Ko Tun
အမေရိကန်ပြည်ထောင်စုနဲ့ အီရန်တို့အကြား ဒုတိယအကြိမ်ညှိနှိုင်းဆွေးနွေးပွဲ ပြုလုပ်ဖို့ အတိအကျ မပြောနိုင်သေးတဲ့ အခြေအနေမှာပဲ အမေရိကန်သံတမန်တွေဖြစ်တဲ့ စတိဗ် ဝစ်ခ်အော့ဖ် နဲ့ ဂျား ကတ်ရှ်နာ တို့ဟာ အီရန်နဲ့ ဆွေးနွေးဖို့ ပါကစ္စတန်ကို ဧပြီလ ၂၅ ရက်မှာ သွားရောက်မယ်လို့ အိမ်ဖြူတော်က ဧပြီလ ၂၄ ရက်က ပြောကြားခဲ့ပါတယ်။
တစ်ချိန်ထဲမှာပဲ အီရန်နိုင်ငံခြားရေးဝန်ကြီး အက်ဘားစ် အာရန်ချီ ဟာလည်း ကြားဝင်ညှိနှိုင်းသူတွေနဲ့ တွေ့ဆုံဖို့ ပါကစ္စတန်နိုင်ငံ၊ မြို့တော် အစ္စလမ္မာဘတ်ကို ဧပြီလ ၂၄ ရက်က ရောက်ရှိနေတယ်လို့ သိရပါတယ်။ ဒါပေမယ့် အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနက အမေရိကန်နဲ့ တိုက်ရိုက်တွေ့ဆုံဖို့ စီစဉ်ထားခြင်းမရှိဘူးလို့ ငြင်းဆိုခဲ့တဲ့အတွက် ဒုတိယအကျော့ ညှိနှိုင်းဆွေးနွေးပွဲ အမှန်တကယ်ကျင်းပနိုင်မလား မရေမရာဖြစ်နေရပါတယ်။
အိမ်ဖြူတော် သတင်းထုတ်ပြန်ရေးအတွင်းရေးမှူး ကာရိုလိုင်း လီဗစ် ယက အမေရိကန်အစိုးရအနေနဲ့ အီရန်မှ တိုးတက်မှုအချို့ကို မြင်တွေ့ခဲ့ရတယ်လို့ ပြောကြားခဲ့ပြီး လိုအပ်ပါက ပါကစ္စတန်ကို လေယာဉ်ဖြင့် ပျံသန်းဖို့ လူတိုင်း အသင့်အနေအထားမှာ ရှိနေမယ်လို့ သူမက ဆက်လက်ပြောကြားခဲ့ပါတယ်။။
အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာန ပင်တဂွန်ရဲ့ သတင်းစာရှင်းလင်းပွဲမှာတော့ ကာကွယ်ရေးဝန်ကြီး ပီတိ ဟက်ဆက်သ်က ဟော်မုဇ်ရေလက်ကြားမှာ အမေရိကန်ထက် သူတို့က အကျပ်အတည်းအခြေအနေနဲ့ ထိပ်တိုက်ရင်ဆိုင်နေရတယ်လို့ ဥရောပမဟာမိတ်တွေကို ဝေဖန်ရှုတ်ချခဲ့ပါတယ်။
အစ္စရေး ဝန်ကြီးချု ပ် ဘခင်ဂျာမပ် နေတမ်ရာဟုကလည်း လက်ဘနွန်နဲ့ သုံးပတ်ကြာ အပစ်အခတ် ရပ်စဲရေး တိုးချဲ့မှုအတွင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို နှောင့်ယှက်တဲ့ ခြိမ်းခြောက်မှု မှန်သမျှ လက်ဘနွန်မှာ ပြုလုပ်လာရင် ဆက်လက်တိုက်ခိုက်သွားမယ်လို့ ဧပြီလ ၂၄ ရက်က အီရန်ကျောထောက်နောက်ခံပြု ဟစ်ဇ်ဘိုလာစစ်သွေးကြွအဖွဲ့ကို ရည်ညွှန်းပြောခဲ့ပါတယ်။
Ref- CNN
