၂၀.၄.၂၀၂၆
Written By Thandar
ပရဟိတမိခင်ကြီးလို့ တင်စားခေါ်ဝေါ်ကြတဲ့ မင်းသမီး သရုပ်ဆောင် အကယ်ဒမီ ခိုင်နှင်းဝေကတော့ ခိုကိုးရာမဲ့နေတဲ့ သက်ကြီးရွယ်အို အဘိုးအဘွားတွေအတွက် “ခိုင်နှင်းဝေ ဘိုးဘွားရိပ်သာ” ကို မန္တလေးမြို့မှာ တည်ထောင်ဖွင့်လှစ်သွားမယ်လို့ သိရပါတယ်။
“အားလုံးပဲ မင်္ဂလာပါရှင်…“ခိုင်နှင်းဝေ ဖောင်ဒေးရှင်း” က မကြာမီလပိုင်းအတွင်း ခိုကိုးရာမဲ့သော၊ ဂီလာနဘိုးဘွားတွေအတွက် “ခိုင်နှင်းဝေ ဘိုးဘွားရိပ်သာ”ကို မန္တလေးမြိုမှာ တည်ထောင်ဖွင့်လှစ်ဖြစ်ပါမယ်ရှင့်။ အမှန်တကယ် ခိုကိုးစရာမဲ့နေတဲ့ ဘိုးဘွားတွေ လျှောက်လွှာတွေ တင်ပေးလို့ရပါတယ်”လို့ အကယ်ဒမီ ခိုင်နှင်းဝေက ပြောပါတယ်။
သူမကတော့ လျှောက်လွှာတင်ထားတဲ့ ခိုးကိုးရာမဲ့ ဘိုးဘွားတွေကို သေချာ စိစစ်စောင့်ရှောက်ပေးသွားမှာဖြစ်ပြီး ကိုယ်ရဲ့ ပတ်ဝန်းကျင်မှာ အမှန်တကယ် ခိုကိုးရာမဲ့သော ဘိုးဘွားတွေအတွက်လည်း Viber ဖုန်းနံပါတ် 09 793 842 208 ကို ပို့ဆောင် အကူအညီတောင်းခံပေးကြဖို့လည်း အထူးလေးစားစွာနဲ့ အသိပေးလာတာ ဖြစ်ပါတယ်။

ခိုင်နှင်းဝေ ရင်သွေးလေးများဂေဟာမှာဆိုရင်လည်း မိသားစုသဖွယ်ပြုစုပျိုးထောင်ပေးနေတဲ့ မိဘမဲ့ကလေးငယ်ပေါင်း ရာနဲ့ချီရှိနေခဲ့ပြီးလည်းဖြစ်ပါတယ်။ လက်ရှိ ခေတ်ကာလအရ အခက်အခဲမျိုးစုံကြုံတွေ့နေချိန်မှာ မိဘမဲ့ကလေးငယ်တွေအတွက် ပရဟိတလုပ်ငန်းတွေကို အားသွန်ခွန်စိုက်လုပ်ဆောင်နေတဲ့အပြင် လက်ရှိ ခိုကိုးရာမဲ့ ဘိုးဘွားအတွက်လည်း စေတနာရှေ့ထားပြီး “ခိုင်နှင်းဝေ ဘိုးဘွားရိပ်သာ” တည်ထောင်ဖို့ ခြေလှမ်းစလာတာလည်း ဖြစ်ပါတယ်။
