




၁၉. ၄. ၂၀၂၆
Written by MMAK
◾မန်စီးတီး Vs အာဆင်နယ်
ရာသီကုန်ခါနီးချိန်မှာ ဒီနှစ်သင်းရဲ့ ထိပ်တိုက်တွေ့ဆုံမှုဟာ ပရီးမီးယားလိဂ်ဖလားအတွက် အပြောင်းအလဲတစ်ခုဖြစ်သွားနိုင်ပါတယ်။ အာဆင်နယ်သာ အနိုင်ရသွားရင် အာဆင်နယ်အသင်းဖလားရဖို့ ရာခိုင်နှုန်းများသွားမှာဖြစ်ပြီး မန်စီးတီးနိုင်ခဲ့ရင်တော့ နောက်ဆုံးပွဲစဥ်အထိ အကြိတ်အနယ် ဖြစ်လာမယ်လို့ ထင်ပါတယ်။ လက်ရှိအချိန်မှာ မန်စီးတီးအသင်းက ပိုကောင်းနေတယ်လို့ ပြောရမှာဖြစ်ပြီး အာဆင်နယ်က ခြေစွမ်းပြန်ကျနေတာ တွေ့ရပါတယ်။ အာဆင်နယ်အသင်းရဲ့ နောက်ဆုံးငါးပွဲမှာဆိုရင် သာမာန်ခြေစွမ်းထပ် ပိုကောင်းတဲ့ပွဲမျိုး မတွေ့ခဲ့ရသလို တချို့ပွဲတွေမှာဆိုရင် စိတ်ပျက်စရာတောင် ကောင်းနေပါတယ်။ ဒီပွဲစဥ်မှာ မန်စီးတီးအသင်းက ဘော်ဒီကြေး တစ်လုံးကိုးဆယ်စားပေးထားပြီး ဂိုးပေါင်းကြေး နှစ်လုံးရှစ်ဆယ်အရှုံး ပေါက်ပါတယ်။ ဒီရာသီမှာဆိုရင် နှစ်ပွဲတိတိ တွေ့ဆုံခဲ့ပြီး အာဆင်နယ်ကွင်းမှာ သရေကစားနိုင်ခဲ့သလို ဖလားပွဲမှာဆိုရင်လည်း ခြေစွမ်းအသာနဲ့ မန်စီးတီးက နှစ်ဂိုးပြတ်အနိုင်ရသွားပါတယ်။ အထူးခြားဆုံးအချက်က အာဆင်နယ်အသင်းအနေနဲ့ မန်စီးတီးကွင်းမှာ အနိုင်မရတာ ဆယ်စုနှစ်တစ်ခုကျော်နေပြီဆိုတာကိုလည်း တွေ့ရပြန်ပါတယ်။ မန်စီးတီးက အိမ်ကွင်းဖြစ်နေသလို ခြေစွမ်းပိုင်းလည်း အသာရနေတဲ့အပြင် ဒီပွဲကို ဗိုလ်လုပွဲလိုမျိုး ကစားလာနိုင်တာကြောင့် ဒီညမှာ မန်စီးတီးကိုပဲ ရွေးရမှာပါ။
◾အဲဗာတန် Vs လီဗာပူး
တနင်္ဂနွေည အစောပိုင်းမှာကစားမဲ့ အဲဗာတန်နဲ့လီဗာပူးတို့ရဲ့ မာဆေးဆိုက်ဒါဘီပွဲဟာ ဆိုရင်လည်း ပရိတ်သတ်တွေအကြိုက် ပွဲကောင်းတစ်ပွဲ ဖြစ်လာဖို့ ရှိပါတယ်။ ဒေးဗစ်မိုယက်ရဲ့ အဲဗာတန်အသင်းက ခြေစွမ်းကောင်းနေချိန်မှာ လီဗာပူးအသင်းက နောက်ဆုံးငါးပွဲမှာ တစ်ပွဲနိုင် လေးပွဲအရှုံးနဲ့ ခြေစွမ်းပိုင်းနဲ့ စိတ်ဓာတ်ပိုင်း ကျဆင်းနေချိန် ဖြစ်နေတယ်။ ဒီပွဲမှာ လီဗာပူးအသင်းက ဘော်ဒီကြေး ပြားလေးဆယ်သာ ပေးထားနိုင်ပြီး ဒီပေါက်ကြေးဟာ သူတို့နှစ်သင်း ထိပ်တိုက်တွေ့ဆုံမှုတွေမှာပေးတဲ့ အပျော့ဆုံး ပေါက်ကြေးလို့ ပြောလို့ရပါတယ်။ မာဆေးဆိုက်ဒါဘီမှာဆိုရင် ပွဲကောင်းတစ်ပွဲကို မြင်တွေ့ရလေ့ရှိပေမဲ့ လီဗာပူးအသင်းကပဲ အမြဲလိုလို အသာရနေတာမျိုး တွေ့ရပြီး ဒီပွဲမှာတော့ အိမ်ရှင်အဲဗာတန် ပေါက်ကွဲအားကို မြင်ရမယ်လို့ ထင်ပါတယ်။ လီဗာပူးအသင်းအနေနဲ့ ဒီပေါက်ကြေး ဒီခြေစွမ်းနဲ့တော့ အဲဗာတန်ကွင်းမှာ အနိုင်ရသွားမယ်လို့ မထင်ပါဘူး။ အဲဗာတန်က ဒီပွဲနိုင်လိုက်ရင် အဆင့်ခြောက်နေရာအထိ တက်လှမ်းနိုင်မှာဖြစ်ပြီး ချန်ပီယံလိဂ်ဝင်ခွင့်နေရာတောင် ဖိအားပေးလာနိုင်တဲ့ အနေအထားမျိုး ရောက်သွားမှာပါ။ အဲဗာတန်က ရှေ့လယ်နောက် အကုန်ကောင်းနေပြီး အိမ်ကွင်းလည်းဖြစ်နေတာကြောင့် မရှုံးနိုင်ဘူးလို့ယူဆထားပြီး အဲဗာတန်အသင်း နိုင်သွားခဲ့မယ်ဆိုရင်တောင် နိုင်သွားလို့ရတာကြောင့် အဲဗာတန်ဘော်ဒီကို ရွေးချယ်ပေးချင်ပါတယ်။
◾အက်စတွန်ဗီလာ Vs ဆန်းဒါးလန်း
ဗီလာအသင်းက လူပြန်စုံနေသလို ယူရိုပါလိဂ်မှာလည်း ဆီမီးဖိုင်နယ်အထိ တက်လှမ်းထားနိုင်တာကြောင့် ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ ပရီးမီးယားလိဂ်ကို အားစိုက်ရတော့မဲ့အချိန် ဖြစ်ပါတယ်။ ဗီလာက လက်ကျန်ခြောက်ပွဲမှာ သုံးပွဲလောက်အထိ ပွဲကြပ်နေတာကြောင့် အိမ်ကွင်းပွဲတွေနဲ့ အနိုင်ရသင့်တဲ့ ပွဲတွေမှာ အနိုင်ရထားဖို့ လိုပါတယ်။ ဗီလာသာ ဒီပွဲနိုင်လိုက်ရင် ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ စိတ်ချထားလို့ရပြီး ယူရိုပါလိဂ်ဘက်ကို အစွမ်းကုန် အားစိုက်ကစားလို့ ရပါတယ်။ ဆန်းဒါးလန်းရဲ့ အဝေးကွင်းခြေစွမ်းက သာမာန်ထက်မပိုသလို အဝေးကွင်းတိုက်စစ်က တစ်ပွဲတစ်ဂိုးရဖို့တောင် အသည်းအသန်ကြိုးစားနေရတာမျိုး တွေ့ရပါတယ်။ ဒီပွဲစဥ်မှာ ဗီလာအသင်းက ဘော်ဒီကြေး တစ်လုံးခြောက်ဆယ်စားပေးထားပြီး ဂိုးပေါင်းကြေး နှစ်လုံးကိုးဆယ်အရှုံး ပေါက်ပါတယ်။ ဗီလာအသင်းရဲ့ အိမ်ကွင်းခံစစ်က တစ်ပွဲတစ်ဂိုးလောက်ပဲ ပေးရတဲ့အတွက်ကြောင့် တိုက်စစ်ညံ့တဲ့ ဆန်းဒါးလန်းအသင်းအနေနဲ့ တစ်ဂိုးရဖို့တောင် မလွယ်ဘူးလို့ သုံးသပ်တာကြောင့် ဂိုးပေါင်းကြေး ပျော့နေတာကို တွေ့ရမှာပါ။ ဘော်ဒီပေါက်ကြေးနဲ့ လက်ရှိခြေစွမ်းအရဆိုရင်လည်း အိမ်ရှင်ဗီလာအသင်း အနိုင်ရသွားနိုင်တဲ့ အနေအထားမှာ ရှိပါတယ်။ ဒီအတွက်ကြောင့် ဗီလာဘော်ဒီနဲ့ ဂိုးအောက်ဆိုပြီး ရွေးချယ်ပေးချင်သလို နှစ်ကွက်ထဲမှာ တစ်ကွက်ကတော့ အနိုင်ရဖို့သေချာနေပြီး ကံကောင်းရင် နှစ်ကွက်လုံးတောင် အနိုင်ရသွားနိုင်ပါတယ်။
◾နော်တင်ဟန်ဖောရက် Vs ဘန်လေ
နော်တင်ဟန်ဖောရက်က တန်းဆင်းဇုန်အထက်နားမှာ ရပ်တည်နေပေမဲ့ ယူရိုပါလိဂ်မှာ ဆီမီးဖိုင်နယ်အထိ တက်လှမ်းထားတာကို ကြည့်မယ်ဆိုရင် အသင်းရဲ့ခြေစွမ်းက အရမ်းညံ့နေတာမျိုးမဟုတ်ဘူးဆိုတာ တွေ့ရမှာပါ။ နောက်တစ်ချက်က ဖောရက်အသင်းအနေနဲ့ ပရီးမီးယားလိဂ်မှာ တန်းတင်ကျန်ဖို့ကို အဓိကထားတယ်ဆိုတာကိုလည်း တွေ့ရပြန်ပါတယ်။ ဘန်လေက တန်းဆင်းသွားရပြီဖြစ်သလို ခံစစ်အပြဲဆုံး၊ ပေးဂိုးအများဆုံးအသင်း ဖြစ်နေပြီး အဝေးကွင်းမှာဆိုရင် တစ်ပွဲကို နှစ်ဂိုးနဲ့အထက် ဂိုးပေးနေရတာမျိုး တွေ့ရပါတယ်။ ဒီပွဲမှာ ဖောရက်အသင်းက ဘော်ဒီကြေး တစ်လုံးသုံးဆယ်အရှုံးပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံးငါးဆယ်စား ပေါက်ပါတယ်။ စနေညမှာ လိဒ်ကလည်း ဝုဗ်ကို ဒီလိုကြေးမျိုး ပေးခဲ့ပြီး ဂိုးပြတ်အနိုင်ရသွားခဲ့သလို ဒီပွဲမှာ ဖောရက်အသင်းပေးတဲ့ ပေါက်ကြေးက လိဒ်အသင်းထပ်တောင် ပိုမြင့်မားနေတာမျိုးတွေ့ရပါတယ်။ ဒီပေါက်ကြေးအရဆို အိမ်ရှင်ဖောရက် အနိုင်ရသွားဖို့ သေချာနေပြီး အနိမ့်ဆုံးအနေနဲ့ တစ်ဂိုးသေချာနေတာကြောင့် ပြားသုံးဆယ်အရှုံးနဲ့ အပြည့်စားပဲ ရင်းရမယ်လို့ ထင်ပါတယ်။ ဒါ့အပြင် တစ်လုံးနှစ်ဆယ်စားနဲ့ တစ်လုံးသရေလောက်ပေးရင်ကို လုံလောက်တဲ့ပေါက်ကြေးမျိုးဖြစ်နေတာကို တစ်လုံးသုံးဆယ်အရှုံးထိပေးလာတဲ့ ဖောရက်အသင်း ဂိုးပြတ်သွားမယ်လို့ ထင်တာကြောင့် အိမ်ရှင်နော်တင်ဟန်ဖောရက်အသင်းရဲ့ တန်းဆင်းဇုန်ရုန်းအားကို အားပေးရမှာပါ။
