




၁၈. ၄. ၂၀၂၆
Written by MMAK
◾ ချဲလ်ဆီး Vs မန်ယူ
ချဲလ်ဆီးအသင်းက ဖလားပွဲမှာ အောက်တန်းလိဂ်က အသင်းငယ်လေးကို အနိုင်ရထားရုံကလွဲပြီး ချန်ပီယံလိဂ်မှာ PSG ကို နှစ်ကျော့စလုံး ဂိုးပြတ်ရှုံးခဲ့သလို ပရီးမီးယားလိဂ် နောက်ဆုံးသုံးပွဲဆက် သွင်းဂိုးတစ်ဂိုးတောင်မရဘဲ သုံးပွဲလုံး ရှုံးထားပါတယ်။ မန်ယူအသင်းရဲ့ ဗဟိုခံစစ်မှာ မာတီနက်နဲ့ မက်ဂွိုင်းယားက ပွဲပယ်ခံထားရပြီး ယိုရိုနဲ့ဒီလစ်က ဒဏ်ရာရနေတာကြောင့် မပါနိုင်ပါဘူး။ မန်ယူအသင်းကက ပွဲဝေးနေတဲ့အချက်ကြောင့် အထနှေးတာမျိုး တွေ့ရပြီး အဓိကပြဿနာကတော့ ဗဟိုခံစစ်မှူးတွေ မပါနိုင်တဲ့အချက်က ဒီပွဲရဲ့ အပြောင်းအလဲတစ်ခု ဖြစ်သွားနိုင်ပါတယ်။ ဒီပွဲစဉ်မှာ ချဲလ်ဆီးအသင်းက ဘော်ဒီကြေး ပြားခြောက်ဆယ်အရှုံးပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံးတစ်ဆယ်အရှုံး ပေါက်ပါတယ်။ နှစ်သင်းလုံးက ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ ကြိုးစားနေကြတယ်ဆိုပေမဲ့ ချဲဆီးလ်အသင်းက ရမှတ်ပိုလိုနေသလို ဖိအားတွေအောက်ကနေ ရုန်းထွက်ပြချင်တယ်ဆိုရင် ဒီပွဲကို အနိုင်ရထားဖို့ လိုပါတယ်။ ဂိုးပေါင်းကြေး ပြင်းရှနေတာကို တွေ့ရပြီး နှစ်သင်းလုံးက ခံစစ်ညံ့တဲ့အတွက် အပြန်အလှန်သွင်းဂိုးတွေ မြင်ရနိုင်သလို အရှုံးအနိုင် အဖြေပေါ်အောင် ကစားမဲ့ ပွဲစဥ်တစ်ခုလို့ မြင်ပါတယ်။ ခံစစ်ပိုင်းလူမစုံတဲ့ မန်ယူအသင်းကို အိမ်ရှင်ချဲလ်ဆီးအသင်းက နှစ်ဂိုးတစ်ဂိုးလောက်နဲ့ ကပ်နိုင်သွားမယ်လို့ ယူဆထားတဲ့အတွက် ချဲလ်ဆီးဘော်ဒီနဲ့ ဂိုးပေါ်ကို ရွေးချယ်ပေးချင်ပါတယ်။
◾ စပါး Vs ဘရိုက်တန်
တန်းဆင်းဇုန်ထဲရောက်နေတဲ့ စပါးအသင်းက နည်းပြသစ် ဒီဇာဘီရဲ့ ပထမဆုံးပွဲမှာ ဆန်းဒါးလန်းအသင်းကို ရှုံးနိမ့်ခဲ့သလို ခြေစွမ်းပိုင်းလည်း အားရစရာ မကောင်းခဲ့ပါဘူး။ တန်းဆင်းဇုန်ပြိုင်ဘက်ဖြစ်တဲ့ ဝက်စ်ဟမ်းနဲ့ဖောရက်အသင်းတို့က ခြေစွမ်းကောင်းနေတာ ဖြစ်တဲ့အတွက် စပါးအသင်းအနေနဲ့ အားထုတ်မှု တစ်ခုခုကို ဒီပွဲမှာ မဖြစ်မနေလုပ်ပြဖို့ လိုပါတယ်။ ဘရိုက်တန်ကလည်း ဥရောပဝင်ခွင့်တစ်နေရာကို မျှော်လင့်လို့ရသလို ခြေစွမ်းပိုင်းကလည်း ကောင်းမွန်နေတဲ့အတွက် အိမ်ရှင်စပါးအသင်းကို ကောင်းကောင်းယှဥ်ကစားနိုင်ပါတယ်။ ဒီပွဲစဥ်မှာ ဘရိုက်တန်အသင်းက ဘော်ဒီကြေးပြားငါးဆယ်အရှုံးပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံးသုံးဆယ်စား ပေါက်ပါတယ်။ ဘရိုက်တန်က တန်းဆင်းဇုန်ထဲက ဘန်လေကို တစ်လုံးသုံးဆယ်စားပေးခဲ့ပြီး ဆန်းဒါးလန်းအသင်းကိုတောင် သရေအရှုံး ပေးခဲ့တာကြောင့် ဒီပွဲမှာ စပါးအသင်းကိုပေးတဲ့ ပြားငါးဆယ်လောက်ဆိုတာ ပျော့တယ်လို့ ပြောလို့ရပါတယ်။ နောက်တစ်ချက်က ဘရိုက်တန်က အမှတ်ရောင်းတတ်တဲ့အသင်းမျိုး ဖြစ်တဲ့အတွက် ဒီပွဲရှုံးသွားလည်း ဘာမှမဖြစ်ဘူးဆိုတဲ့ အနေအထားမျိုး ရှိပါတယ်။ ဒီပွဲမှာ အိမ်ရှင်စပါးအသင်း မရှုံးနိုင်ဘူးလို့ ယူဆထားတဲ့အတွက် အောက်အသင်းဖြစ်တဲ့ စပါးကို ရွေးရမှာပါ။
◾နယူးကာဆယ် Vs ဘုန်းမောက်
ဘုန်းမောက်အသင်းက အာဆင်နယ်အသင်းကိုတောင် အဝေးကွင်းကနေ အနိုင်ရခဲ့သလို နောက်ဆုံး ၁၃ ပွဲဆက် မရှုံးထားပါဘူး။ နယူးကာဆယ်အနေနဲ့ ဥရောပဝင်ခွင့်ရချင်တယ်ဆိုရင် ဒီပွဲကစပြီး နိုင်ပွဲရှာဖွေထားဖို့ လိုအပ်နေပါပြီ။ နောက်ဆုံးနှစ်ပွဲဆက် ရှုံးထားသလို ဒီပွဲပြီးရင် အာဆင်နယ်အသင်းနဲ့ ကန်ရမှာဖြစ်တဲ့အတွက် ဒီပွဲမှာ သုံးမှတ်အပြည့်မရခဲ့ရင် ဥရောပဝင်ခွင့်တစ်နေရာကို မျှော်လင့်လို့မရတော့တဲ့ အနေအထား ဖြစ်သွားနိုင်ပါတယ်။ ဒီပွဲစဥ်မှာ နယူးကာဆယ်အသင်းက ဘော်ဒီကြေး ပြားငါးဆယ်အရှုံးပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံးတစ်ဆယ်အရှုံး ပေါက်ပါတယ်။ ကြေးအရဆိုရင်တော့ နယူးကာဆယ်ရဲ့ဘော်ဒီကြေးက အနည်းငယ်ပျော့တယ်လို့ ဆိုရမှာဖြစ်ပေမဲ့ ဥရောပဝင်ခွင့်ရဖို့ နိုင်ပွဲလိုအပ်နေတဲ့ နယူးဘော်ဒီကို ကြိုက်နေပါတယ်။ နောက်တစ်ချက်က ၁၃ ပွဲဆက် ရှုံးပွဲမရှိထားတဲ့ ဘုန်းမောက်အသင်း ကြေးကျသွားနိုင်တယ်လို့ ယူဆထားတဲ့အတွက် ရှုံးပွဲတွေ့သွားနိုင်ပါတယ်။ ဂိုးပေါင်းကြေးမှာတော့ ဂိုးအောက်ကို ကြိုက်နေပြီး နယူးကာဆယ်က တစ်ဂိုးအသာလောက်နဲ့ ကပ်နိုင်သွားပြီး ဂိုးအောက်ဖြစ်သွားမယ်လို့ ထင်ပါတယ်။ ဒီအတွက်ကြောင့် အိမ်ရှင်နယူးကာဆယ်နဲ့ ဂိုးအောက်ကို ရွေးချယ်ပေးချင်ပါတယ်။
◾လိဒ် Vs ဝုဗ်
ဝုဗ်ကတန်းဆင်းသွားရပြီဖြစ်ပြီး လိဒ်အသင်းကလည်း တန်းဆင်းဇုန်အထက် ခြောက်မှတ်အကွာမှာ ရပ်တည်နေတဲ့အတွက် စိတ်ချရတဲ့အနေအထားမဟုတ်သေးတာကြောင့် ဒီပွဲနိုင်လိုက်ရင် ပိုစိတ်ချရတဲ့ အနေအထားကို ရောက်သွားနိုင်ပါတယ်။ ဒီပွဲစဥ်မှာ အိမ်ရှင်လိဒ်အသင်းက ဘော်ဒီကြေး တစ်လုံးနှစ်ဆယ်စားပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံးကိုးဆယ်စားပေါက်ပါတယ်။ လိဒ်က ပရီးမီးယားလိဂ် ခုနစ်ပွဲမှာ တစ်ပွဲသာ ဂိုးပေါ်ထားပြီး ခြောက်ပွဲတောင် ဂိုးအောက်ကစားထားတာကြောင့် ခံစစ်ကောင်းတယ်ဆိုတာ မြင်သာပါတယ်။ ဝုဗ်အသင်းက အဝေးကွင်းတစ်ဆယ့်ခြောက်ပွဲမှာ ခုနှစ်ဂိုးသာ သွင်းထားနိုင်တာကြောင့် တိုက်စစ်ပိုင်းက ဆိုးရွားလွန်းနေပြီး တန်းဆင်းသွားရပြီ ဖြစ်တဲ့အတွက် အားထည့်ပြီး မကစားတော့ပါဘူး။ လိဒ်က ကြားရက်မှာ မန်ယူအသင်းကို အနိုင်ရခဲ့သလို ဇယားအောက်ဆုံးက ဝုဗ်နဲ့တွေ့နေတာကြောင့် ဒီပွဲမှာ လိဒ်ဘော်ဒီကို ထိုးသားတွေ အကြိုက်တွေ့နေကြပါတယ်။ ဘော်ဒီကြေးတစ်လုံးနှစ်ဆယ်စားဆိုတဲ့ပေါက်ကြေးမှာ တစ်ဂိုးလောက်နဲ့ ကပ်နိုင်သွားနိုင်ပေမဲ့ နှစ်ဂိုးမပြတ်ဘူးလို့ ထင်ပါတယ်။ လိဒ်ခံစစ်ကို ဝုဗ်အသင်းအနေနဲ့ တစ်ဂိုးရဖို့တောင် မသေချာတာကြောင့် လိဒ်တစ်သင်းတည်းရဲ့ သွင်းဂိုးကိုပဲ မြင်ရနိုင်ပြီး လိဒ်အသင်းကိုလည်း ကြေးအပြည့်အောင်ဖို့ မလွယ်ဘူးလို့ထင်တာကြောင့် ဒီပွဲက ဂိုးအောက်တစ်ခုတည်းကို ရွေးချယ်ရမှာပါ။ လိဒ်အသင်းကပ်နိုင်ရင်နိုင် မနိုင်ခဲ့ရင် ဂိုးမရှိသရေနဲ့ ပွဲပြီးသွားနိုင်တာကြောင့် ဂိုးအောက်ကိုပဲ ကြိုက်ပါတယ်။
