
၁၈.၄.၂၀၂၆
Translated by Htwe Ko Tun
အီရန်နိုင်ငံရဲ့ ဆိပ်ကမ်းတွေကို အမေရိကန်က ဆက်လက်ပိတ်ဆို့နေမယ်ဆိုရင် အီရန်အစိုးရက လည်း ဟော်မုဇ်ရေလက်ကြားကို ဆက်လက်ဖွင့်လှစ်ထားမှာမဟုတ်ဘူးလို့ အီရန်လွှတ်တော်ဥက္ကဋ္ဌ မိုဟာမက် ဘာဂါ ဂါလီဘတ်ဖ်က ဧပြီလ ၁၈ ရက်မှာ ပြောကြားခဲ့ပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ဒ် ထရမ့်ပ်က အမေရိကန်နဲ့ အီရန်အကြား ငြိမ်းချမ်းရေးသဘောတူညီချက် ရရှိတဲ့အထိ ပိတ်ဆို့မှု ဆက်လက်တည်ရှိနေမယ်လို့ ပြောကြားခဲ့အပြီးမှာ အီရန်ဘက်ကလည်း ခုလို တုံ့ပြန်ပြောကြားမှု ပြုလုပ်လာတာဖြစ်ပါတယ်။
အစောပိုင်းမှာ အီရန်နိုင်ငံခြားရေးဝန်ကြီးက အပစ်အခတ်ရပ်စဲရေးကာလ ကျန်ရှိနေတဲ့အချိန်အထိ ဟော်မုဇ်ရေလက်ကြားကို စီးပွားဖြစ်သင်္ဘောတွေအတွက်လုံးဝဖွင့်လှစ်ထားတယ်လို့ ပြောခဲ့ပေမယ့် အွန်လိုင်းခြေရာခံအချက်အလက်တွေအရ ရေလက်ကြားကို သင်္ဘောအနည်းငယ်သာ အမှန်တကယ် ဖြတ်သန်းသွားလာခဲ့တယ်လို့ ပြသနေခဲ့ပါတယ်။
ထရမ့်ပ်က အီရန်နိုင်ငံက သန့်စင်ထားတဲ့ ယူရေနီယမ်ကို နိုင်ငံအတွင်းမှ ဖယ်ရှားဖို့အပါအဝင် အရာအားလုံးကို အမေရိကန်အစိုးရကို သဘောတူခဲ့တယ်လို့ ထရမ့်ပ်က ထပ်လောင်းပြောကြားခဲ့ပါတယ်။ ဒါပေမယ့် အီရန် ကတော့ ဒီပြောကြားချက် မမှန်ကန်ဘူးလို့ ငြင်းဆိုခဲ့ပါတယ်။
အမေရိကန်သမ္မတထရမ့်ပ်အနေနဲ့ သံတမန်ရေးအရ အောင်ပွဲခံဖို့ မျှော်လင့်နေပေမယ့် နှစ်ဖက် အကြား ထင်ရှားတဲ့ ကွဲပြားမှုတွေ ရှိနေဆဲဖြစ်တယ်လို့ သိရပါတယ်။
Ref-BBC
