




၁၇.၄.၂၀၂၆
Written by Linn Eain
၁၃၈၈ ခုနှစ် မြန်မာနှစ်ဆန်းတစ်ရက်နေ့(ဧပြီ ၁၇ ရက်) နံနက်ပိုင်းကစတင်၍ ရွှေတိဂုံစေတီတော်တွင် ဘုရားဖူးလာသူ၊ ကုသိုလ်ပြုသူများဖြင့် စည်ကားများပြားလျက်ရှိကြောင်း သိရသည်။
ရွှေတိဂုံစေတီတော်သို့ ဘုရားဖူးလာသူများသည် ပန်း၊ရေချမ်း၊ ဆီမီးတို့ဖြင့် ကပ်လှူပူဇော်ခြင်း၊ နေနံထောင့်ဘုရားပွားတော်များကို ရေသပ္ပာယ်ခြင်း၊ တရားဘာဝနာပွားများခြင်းတို့ဖြင့် မြန်မာနှစ်ဆန်းတစ်ရက်နေ့ကို ကောင်းမှုကုသိုလ်ဖြတ်သန်းနေကြခြင်းလည်း ဖြစ်သည်။
