


၁၇. ၄. ၂၀၂၆
Written by Nyein Kyaw
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတက နိုင်ငံတော်အတွက် ထူးကဲစွာ အမှုထမ်းသူ၊ အကျိုးဆောင်သူများဖြစ်သည့် ဒုတိယသမ္မတနှစ်ဦး၊ ဒုတိယဗိုလ်ချုပ်မှူးကြီး(ငြိမ်း) မောင်အေးနှင့် လွှတ်တော်ဥက္ကဋ္ဌများအပါအဝင် လူပုဂ္ဂိုလ် ၇ ဦးအား ဂုဏ်ထူးဆောင်ဘွဲ့များ ချီးမြှင့်အပ်နှင်းလိုက်ကြောင်း နိုင်ငံတော်သမ္မတရုံး အမိန့်ကြော်ငြာစာအမှတ် (၃/၂၀၂၆) ဖြင့် ယနေ့တွင် ထုတ်ပြန်လိုက်သည်။
နိုင်ငံတော်သမ္မတက ဂုဏ်ထူးဆောင်ဘွဲ့များ ချီးမြှင့်မှုတွင် ဒုတိယသမ္မတ (၁) ဦးညိုစောနှင့် ဒုတိယသမ္မတ (၂) ဒေါ်နန်းနီနီအေးတို့အား မဟာသီရိသုဓမ္မဘွဲ့ချီးမြှင့်အပ်နှင်းလိုက်သလို ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၊ ဒုတိယဗိုလ်ချုပ်မှူးကြီး (ငြိမ်း) ဦးမောင်အေးအား သတိုးမဟာသရေစည်သူဘွဲ့ ချီးမြှင့်အပ်နှင်းလိုက်သည်။
ထို့အတူ ဒုတိယသမ္မတ (၁) ဦးညိုစော၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီနှင့် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်လင်းဒွေးတို့အား မဟာသရေစည်သူဘွဲ့ ချီးမြှင့်အပ်နှင်းလိုက်သည်။ ပြည်တောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်(ငြိမ်း) ဦးစိုးဦးအား သီရိပျံချီဘွဲ့နှင့် ကရင်ပြည်နယ် သယံဇာတရေးရာဝန်ကြီး(ငြိမ်း)အား ဝဏ္ဏကျော်ထင်ဘွဲ့ ချီးမြှင့်အပ်နှင်းလိုက်ခြင်းဖြစ်သည်။
