




၁၂. ၄. ၂၀၂၆
Written by MMAK
◾ချဲလ်ဆီး Vs မန်စီးတီး
ချဲလ်ဆီးအသင်းက ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ အရေးကြီးနေသလို မန်စီးတီးအသင်းကလည်း ပရီးမီးယားလိဂ် ချန်ပီယံဖြစ်ဖို့အတွက် ဒီပွဲနိုင်ဖို့ လိုနေပါတယ်။ လက်ရှိခြေစွမ်းအရဆို မန်စီးတီးက ပိုသာနေပြီး ချဲလ်ဆီးအသင်းဘက်မှာတော့ အန်ဇိုဖာနန်ဒက်နဲ့ ရီစ်ဂျိမ်းတို့ မပါနိုင်သလို စည်းလုံးမှုပြိုကွဲနေပြီး ခြေစွမ်းပိုင်းကလည်း အကျဘက်ကို ရောက်နေပါတယ်။ ဒီပွဲစဥ်မှာ မန်စီးတီးအသင်းက ဘော်ဒီကြေးကို သရေအရှုံးပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံးနှစ်ဆယ်အရှုံးဆိုပြီး ဖွင့်လှစ်ထားပါတယ်။ မန်စီးတီးက ပရီးမီးယားလိဂ် ဖလားအတွက် အာဆင်နယ်အသင်းနဲ့ အပြိုင်ဖြစ်နေချိန်မှာ စနေညမှာ အာဆင်နယ်အသင်း ရှုံးနိမ့်ခဲ့တဲ့အတွက် ဒီပွဲဟာ သူတို့အတွက် အခွင့်အရေးကောင်း ဖြစ်ပါတယ်။ အာဆင်နယ်အသင်းနဲ့ ကိုးမှတ်ပြတ်နေတယ်ဆိုပေမဲ့ နှစ်ပွဲပိုကစားဖို့ကျန်နေပြီး ဒီပွဲနိုင်လိုက်ပြီး လက်ကျန်တစ်ပွဲကိုလည်း နိုင်ခဲ့မယ်ဆိုရင် သုံးမှတ်လျော့အနေအထားဖြစ်သွားပါမယ်။ ဒီပွဲပြီးရင်လည်း နောက်အပတ်မှာ အာဆင်နယ်အသင်းကို အိမ်ကွင်းပွဲမှာ ထပ်နိုင်လိုက်ရင် ရမှတ်တူ ဂိုးကွာခြားချက်နဲ့ အထက်ရောက်ပြီး အဆင့် (၁) နေရာ ရပ်တည်ဖို့ ဖြစ်သွားနိုင်ပါတယ်။ ဒီတော့ မန်စီးတီးအသင်းအနေနဲ့ ဖလားလိုချင်တယ်ဆိုရင် ဒီပွဲနဲ့ နောက်အပတ်မှာကစားမဲ့ အာဆင်နယ်အသင်းနဲ့ပွဲကို အနိုင်ရဖို့ လိုပါတယ်။ ချဲလ်ဆီးအသင်းအနေနဲ့ကလည်း ချန်ပီယံလိဂ် ဝင်ခွင့်ရဖို့ အရေးကြီးတယ်ဆိုပေမဲ့ ခြေစွမ်းပိုင်းနဲ့စိတ်ဓာတ်ပိုင်း ကျဆင်းမှုတွေက မန်စီးတီးကို အသာရဖို့ ခက်ပါတယ်။ မန်စီးတီးသာ လူစုံထုတ်ပြီး တင်ကစားမယ်ဆိုရင် မန်စီးတီးအသင်းပဲ အနိုင်ရသွားမယ်လို့ ထင်ပါတယ်။
◾ဆန်းဒါးလန်း Vs စပါး
တန်းဆင်းဇုန်ထဲရောက်သွားတဲ့ စပါးအသင်းကတော့ ပရီးမီးယားလိဂ် အတွေ့အကြုံရှိသလို အရည်အသွေးလည်း မြင့်မားတဲ့ ဒီဇာဘီကို နည်းပြအသစ်အနေနဲ့ ခန့်အပ်ထားပါတယ်။ ဆန်းဒါးလန်းအသင်းအနေနဲ့ကလည်း ဥရောပဝင်ခွင့်တစ်နေရာကို ရရှိနိုင်တယ်ဆိုပေမဲ့ တန်းတက်အသင်းတစ်သင်းအနေနဲ့ လက်ရှိအဆင့်လောက်နဲ့တင် ကျေနပ်စရာ ကောင်းတယ်လို့ ထင်ပါတယ်။ ဒီပွဲစဥ်မှာ ဘော်ဒီကြေးဒဲ့ပေါက်နေပြီး ဂိုးပေါင်းကြေး နှစ်လုံးအရှုံးဆိုပြီး ဖွင့်လှစ်ထားပါတယ်။ တန်းဆင်းဇုန်ထဲရောက်နေသလို နည်းပြသစ်နဲ့ စပါးအတွက်က ဒီပွဲက စိတ်ဓာတ်ပိုင်း တက်ကြွဖို့အတွက် နိုင်ပွဲရဖို့ အရေးကြီးနေပါတယ်။ နည်းပြဒီဇာဘီနဲ့အတူ စပါးအသင်းသားတွေ ရေကုန်ရေခမ်း ကစားလာမဲ့ ပွဲစဥ်တစ်ပွဲလို့ မြင်ပါတယ်။ ရာသီအစမှာ အိမ်ကွင်းကောင်းပါတယ်ဆိုတဲ့ ဆန်းဒါးလန်းအသင်းက ခုချိန်မှာ သာမာန်ခြေစွမ်းထက် မပိုသလို စပါးအသင်းရဲ့ နိုင်ပွဲရယူလိုမှုကို ဟန့်တားနိုင်ဖို့ ခက်ပါတယ်။ ပွဲချိန်နီးကပ်လာရင် စပါးအသင်းက ကြေးကြောပြန်ပေးလာနိုင်ပြီး နိုင်ပွဲရသွားမယ်လို့ ထင်တာကြောင့် စပါးကို ကြိုက်ပါတယ်။ ဒီဇာဘီက ကစားကွက်တည်ဆောက်ပုံ အရမ်းကောင်းပြီး တိုက်စစ်အသားပေးလည်း ကစားတတ်တာကြောင့် စပါးဘော်ဒီနဲ့အတူ ဂိုးပေါ်ကိုပါ တွဲကစားစေချင်ပါတယ်။
◾ခရစ္စတယ်ပဲလေ့စ် Vs နယူးကာဆယ်
ပဲလေ့စ်အသင်းက ကြားရက်မှာ ယူရိုပါလိဂ်ပွဲ ကစားခဲ့ရသလို အမှတ်ပေးပွဲမှာလည်း တန်းဆင်းဇုန်နဲ့ ဝေးကွာနေတာကြောင့် ဒီပွဲက နယူးကာဆယ်အတွက် နိုင်ပွဲရဖို့ ပိုအရေးကြီးပါတယ်။ ပရီးမီးယားလိဂ် တစ်ခုတည်းကို အာရုံစိုက်ရတော့မဲ့ နယူးကာဆယ်အနေနဲ့ ဥရောပဝင်ခွင့်တစ်နေရာကို မျှော်လင့်လို့ ရသေးတဲ့ အနေအထားဖြစ်တာကြောင့် နိုင်ပွဲရဖို့ လိုအပ်နေပါတယ်။ ဒီပွဲစဥ်မှာ နယူးကာဆယ်က ဘော်ဒီကြေး ပြားနှစ်ဆယ်အရှုံးပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံးငါးဆယ်စား ပေါက်ပါတယ်။ ပဲလေ့စ်အသင်းက အိမ်ကွင်းကစားပုံ မာကျောသလို နောက်ဆုံးငါးပွဲဆက်လည်း မရှုံးထားတာကြောင့် ခြေစွမ်းကောင်းနေတယ်လို့ ပြောရမှာဖြစ်ပေမဲ့ ရှုံးရှုံးနိုင်နိုင် ဒီပွဲက အရေးမကြီးဘူးဆိုတဲ့ အနေအထားမှာ ရှိပါတယ်။ ဂိုးပေါင်းကြေး မြင့်မားနေတာကို တွေ့ရပြီး နိုင်ပွဲရဖို့ တိုက်စစ်တင်ကစားလာမဲ့ နယူးကာဆယ်ကို ပဲလေ့စ်အသင်းကလည်း တိုက်စစ်နဲ့ တုံ့ပြန်ကစားလာနိုင်တာကြောင့် ဂိုးသွင်းသေချာတဲ့အသင်းက အနိုင်ရသွားမဲ့ ပွဲစဥ်တစ်ပွဲလို့ မြင်ပါတယ်။ ဒီအတွက်ကြောင့် ဂိုးပေါ်ကို ပိုအကြိုက်တွေ့နေပြီး နယူးကာဆယ်ရဲ့ ရုန်းအားတစ်ပေါက်ကိုလည်း စောင့်ကြည့်ချင်တာကြောင့် နယူးဘော်ဒီကိုလည်း ကြိုက်ပါတယ်။
◾နော်တင်ဟမ်ဖောရက် Vs အက်စတွန်ဗီလာ
နှစ်သင်းလုံးက ကြားရက်မှာ ယူရိုပါလိဂ်ပွဲ ကစားခဲ့ရပြီး ဖောရက်က ပေါ်တိုကို အဝေးကွင်းမှာ သရေကျခဲ့သလို ဗီလာက ဘိုလော့ညာကို သုံးဂိုးတစ်ဂိုးနဲ့ ဂိုးပြတ်နိုင်ခဲ့ပါတယ်။ ဖောရက်က တန်းဆင်းဇုန်မလွတ်သေးတာကြောင့် ယူရိုပါလိဂ်ထက် ဒီပွဲကိုဘဲ အာရုံစိုက် ကစားလာနိုင်သလို ချန်ပီယံလိဂ်ဝင်ခွင့် တစ်နေရာအတွက် ဗီလာကလည်း ဒီပွဲမှာ အနိမ့်ဆုံးအနေနဲ့ သရေတစ်မှတ်တော့ ရထားဖို့ လိုပါတယ်။ ဒီပွဲစဥ်မှာ ဘော်ဒီကြေး ဒဲ့ပေါက်နေပြီး ဂိုးပေါင်းကြေး နှစ်လုံးအရှုံးပေါက်ပါတယ်။ လက်ကျန်ခုနစ်ပွဲမှာ ဗီလာက စပါး၊ လီဗာပူးနဲ့ မန်စီးတီးတို့လို အသင်းကြီးတွေနဲ့ ကစားရဖို့ ကျန်နေသလို ဖောရက်ကလည်း ချဲလ်ဆီး၊ မန်ယူနဲ့ နယူးကာဆယ်တို့လို အသင်းကြီးတွေနဲ့ ကစားဖို့ ကျန်နေပါသေးတယ်။ ဒီပွဲမှာ ကြေးကြောမပေးနိုင်တဲ့ ဗီလာအသင်းအနေနဲ့ အနိုင်ရဖို့ခက်သလို သရေတစ်မှတ်ရသွားရင်လည်း ကျေနပ်ရမှာပါ။ အိမ်ရှင်ဖောရက်အသင်းအနေနဲ့ တန်းမဆင်းရဖို့ ပရီးမီးယားလိဂ်ကို ဦးစားပေးမယ်လို့ ထင်တာကြောင့် ဖောရက်အသင်းကို ပိုကြိုက်ပါတယ်။ ဖောရက်အသင်း တစ်ဂိုးအသာလောက်နဲ့ ကပ်နိုင်ရင်နိုင် မနိုင်ရင် တစ်ဖက်တစ်ဂိုးစီလောက်နဲ့ ပွဲပြီးနိုင်တာကြောင့် ဂိုးအောက်ကိုလည်း ကြိုက်ပါတယ်။ ဒီအတွက်ကြောင့် အိမ်ရှင်နော်တင်ဟမ်ဖောရက် ဘော်ဒီနဲ့ ဂိုးအောက်ကို ရွေးချယ်ပေးချင်ပါတယ်။
