




၁၂.၄.၂၀၂၆
Written by KL
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နမ္မတူမြို့နယ်၊ မန်းမောက်ကျေးရွာတွင် ဘိန်းမဲကောက်စားမိသဖြင့် ခြေလက်များကွေးကောက်ကာ အောက်ဆီဂျင်ပေးထားရသော သုံးနှစ်အရွယ် ကလေးငယ်မှာ ဆေးကုသရန် အခက်အခဲများရှိနေသဖြင့် အကူအညီလိုအပ်နေကြောင်း ကူညီဆောင်ရွက်ပေးသည့် လက်ဖက်ညွန့်လူမှုကူညီရေးအသင်းထံမှ သိရသည်။
အဆိုပါကလေးငယ်မှာ မတ်လ ၂၄ ရက်နေ့က မတော်တဆ ဘိန်းမဲ ကောက်စားမိကာ အသက်ရှုရန်ခက်ခဲခြင်းနှင့် ခြေလက်ကိုယ်အင်္ဂါများ ကွေးကောက်သွားခြင်းများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
လက်ရှိတွင် ကလေးငယ်မှာ မူဆယ်ပြည်သူ့ဆေးရုံကြီး၌ ဆေးကုသမှုခံယူနေရသော်လည်း မသက်သာသဖြင့် ဆေးပစ္စည်းကိရိယာများ ပိုမိုစုံလင်သော မန္တလေးပြည်သူ့ဆေးရုံတွင် ကုသရန် ဆရာဝန်များက အကြံပြုထားကြောင်းသိရသည်။
စတင်ဖြစ်ပွားချိန်မှ စ၍ ဆေးကုခဲ့ရာ ကျပ်သိန်း ၄၀ခန့်ကုန်ကျခဲ့ပြီး မန္တလေးဆေးရုံသို့ သွားရောက်ကုသရမည်ဆိုပါက ငွေကြေးမတတ်နိုင်သဖြင့် အကူအညီလိုအပ်နေခြင်းဖြစ်ကြောင်း သိရသည်။
ကလေးငယ်အတွက် ဆေးဝါးကုသစရိတ်လှူဒါန်းလိုပါက လက်ဖက်ညွန့်လူမှုကူညီရေးအသင်းဖုန်း-09 252933566 (kpay) Hlaing Ayeနှင့် 09 676892374သို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရသည်။
