
၁၀.၄.၂၀၂၆
Written by Nay Yaung
ပြည့်သူပါတီ ဥက္ကဋ္ဌ ဦးကိုကိုကြီးအား ပြည်ထောင်စု အတိုင်ပင်ခံကောင်စီအဖွဲ့ဝင်အဖြစ် တာဝန်ပေးအပ်ခြင်းကို ဂုဏ်ယူဝမ်းမြောက်ကြောင်း ပြည်သူ့ပါတီ(ဗဟိုဌာနချုပ်)က ဧပြီ ၁၀ ရက်တွင် သဝဏ်လွှာပေးပို့ခဲ့ကြောင်း သိရသည်။
နိုင်ငံတော်သမ္မတက ၂၀၂၆ခုနှစ်၊ ဧပြီလ (၁၀)ရက်တွင် ပြည်ထောင်စုအတိုင်ပင်ခံကောင်စီဖွဲ့စည်းရာတွင် ဦးစိုးဝင်းက ဥက္ကဋ္ဌ၊ ဦးမောင်မောင်အေးက အတွင်းရေးမှူးနှင့် ဦးကိုကိုကြီး အပါအဝင် အဖွဲ့ဝင် ကိုးဦးကို အဖွဲ့ဝင်အဖြစ်ခန့်အပ်ခဲ့သည်။ ထိုသို့ အဖွဲ့ဝင်အဖြစ် ပြည်သူ့ပါတီ(ဗဟိုဌာနချုပ်) ဥက္ကဋ္ဌ ဦးကိုကိုကြီးအား တာဝန်ပေးအပ်ခြင်းခံရကြောင်း သိရှိရသဖြင့် ပြည်သူ့ပါတီမှ ဂုဏ်ယူဝမ်းမြောက်နေခြင်း ဖြစ်သည်။
ပြည်ထောင်စု၏ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးဆိုင်ရာ ကိစ္စရပ်များ၊ နိုင်ငံတကာဆက်ဆံရေး ဆိုင်ရာကိစ္စရပ်များ၊ ငြိမ်းချမ်းရေးဆိုင်ရာကိစ္စရပ်များ၊ ဥပဒေပြဋ္ဌာန်းရေးဆိုင်ရာကိစ္စရပ်များကို အကြံပေးခြင်း၊ ညှိနှိုင်းဆောင်ရွက်ခြင်းတို့ကို စွမ်းစွမ်းတမံ ဆောင်ရွက်နိုင်ပါစေကြောင်း ဆုတောင်း မေတ္တာပို့ကြောင်း ဦးကိုကိုကြီး၏ ပြည်သူ့ပါတီ သဝဏ်လွှာတွင် ဖော်ပြပါရှိသည်။
ပြည့်သူပါတီ ဥက္ကဋ္ဌ ဦးကိုကိုကြီးသည် ၂၀၂၅ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် လမ်းမတော်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ခဲ့သော်လည်း ဒုတိယနေရာသာရရှိခဲ့ပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်က အနိုင်ရရှိခဲ့ကြောင်း သိရသည်။
