၇.၄.၂၀၂၆
Photo by Nay Yaung
တတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေး တတိယနေ့ကို ဧပြီ ၇ ရက်၊ နံနက် ၁၁ နာရီတွင် စတင်ကျင်းပမည်ဖြစ်ပြီး တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ စတင်ရောက်ရှိလာသည့် မြင်ကွင်းများကို ဖော်ပြအပ်ပါသည်။
ယနေ့ကျင်းပမည့် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေး တတိယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ်အမည်စာရင်းနှင့် တရားသူကြီးများ အမည်စာရင်း၊ ဝန်ကြီးများ အမည်စာရင်း၊ ဥပဒေချုပ်အမည်စာရင်းနှင့် စာရင်းစစ်ချုပ် အမည်စာရင်းတို့ကို တင်ပြမည်ဖြစ်ကြောင်း သိရသည်။
တတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေး ပထမနေ့ကို မတ်လ ၂၀ ရက်ကလည်းကောင်း၊ ဒုတိယနေ့ကို ဧပြီ ၆ ရက်ကလည်းကောင်း ကျင်းပခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌအဖြစ် သာကေတမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဌေးအောင်ကို ရွေးချယ်ခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်အဖြစ် ကိုကိုးကျွန်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးအောင်နိုင်သူကို ခန့်အပ်တာဝန်ပေးရန် ရွေးချယ်ထားကြောင်း သိရသည်။









