
သက်တံ့
၅. ၄. ၂၀၂၆
ဂျော်ရှဝါ ဗန် (Joshua Van) ဒဏ်ရာပြဿနာရှိနေတာကြောင့် တက်ဆူရို တိုင်ရာ(Tatsuro Taira) နဲ့ ချန်ပီယံကာကွယ်ပွဲကို မေလ ၉ ရက်နေ့ ရွှေ့ဆိုင်းလိုက်တယ်လို့ UFC က ဒီနေ့ အတည်ပြုကြေညာပါတယ်။
မူလက လာမယ့် ဧပြီလ ၁၂ ရက်နေ့မှာကျင်းပမယ့် UFC 327 ပွဲမှာ ထိုးသတ်မှာဖြစ်ပေမဲ့ ဗန်ရဲ့ မစိုးရိမ်ရတဲ့ဒဏ်ရာပြဿနာကြောင့် ချန်ပီယံကာကွယ်ပွဲက ဒီတစ်ပတ် ပါဝင်လာတော့မှာမဟုတ်ဘဲ မေလ ၁၀ ရက်နေ့မှာကျင်းပမယ့် UFC 328 ပွဲမှာပဲ ပါဝင်လာတော့မှာဖြစ်ပါတယ်။
Joshua Van အနေနဲ့ ပွဲရွှေ့ရတဲ့အပေါ် ဖြေရှင်းချက်ပေးမထားပေမဲ့ Story မှာတော့ မေ ၉ ရက်နေ့ ရွှေ့သွားတယ်ဆိုတာကို အတည်ပြုပေးထားပါတယ်။
UFC 328 ပွဲမှာ Khamzat Chimaev နဲ့ Sean Stickland တို့ကို ခေါင်ပွဲအနေနဲ့ ကြည့်ရမှာဖြစ်ပြီး Joshua Van နဲ့ Tatsuro Taira တို့ တွဲဆိုင်းကို ဒုခေါင်ပွဲအနေနဲ့ကြည့်ရမှာဖြစ်ပါတယ်။
