
၅.၄.၂၀၂၆
Translated by Htwe Ko Tun
အီရန်စစ်တပ်က ဧပြီလ ၃ ရက်မှာ အီရန်နိုင်ငံအတွင်း ပစ်ချခံခဲ့ရတယ်ဆိုတဲ့ F-15E Strike Eagel ဂျက်တိုက်လေယာဉ်မှ ပျောက်ဆုံးနေတယ်ဆိုတဲ့ ဒုတိယမြောက်လေယာဉ်အမှုထမ်းဖြစ်တဲ့ အမေရိကန်လက်နက်စနစ် အရာရှိကို ပြန်လည်ကယ်ဆယ်နိုင်ခဲ့တယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ဒ် ထရမ့်ပ်က ပြောကြားခဲ့တယ်ဆိုတာ ဧပြီလ ၅ ရက်သတင်းတွေကဖော်ပြခဲ့ပါတယ်။
သမ္မတ ဒေါ်နယ်ဒ် ထရမ့်ပ်က F-15E တိုက်လေယာဉ် ပစ်ချခံရပြီးနောက် အီရန်နိုင်ငံအတွင်း ပျောက်ဆုံးသွားတဲ့ အမေရိကန်လက်နက်စနစ်အရာရှိကို ကယ်တင်နိုင်ခဲ့ပြီး အခုအခါ ဘေးကင်းလုံခြုံ စွာရှိနေပါတယ်လို့ လူမှုမီဒီယာ Truth Social မှာ အတည်ပြုပြောကြားခဲ့ပါတယ်။
အမေရိကန် အရာရှိသုံးဦးရဲ့ ပြောကြားချက်တွေကို Axios သတင်းဌာနက ကိုးကားဖော်ပြခဲ့ရာမှာ “စနေနေ့စစ်ဆင်ရေးကို လေကြောင်းကာကွယ်ရေးအင်အားများစွာပါဝင်သော အထူးကွန်မန်ဒိုတပ်ဖွဲ့တစ်ခုက ပြုလုပ်ခဲ့သည်။ အမေရိကန်တပ်ဖွဲ့များသည် ပြင်းထန်သောပစ်ခတ်မှုများ ပြုလုပ်ပြီး တပ်ဖွဲ့အားလုံးသည် ယခုအခါ အီရန်မှ ထွက်ခွာသွားပြီဖြစ်သည်။” လို့ ဆိုပါတယ်။
ဗီဒီယိုတစ်ခုမှာတော့ ထိုဒေသရှိ အီရန်နိုင်ငံသားတွေက အမေရိကန်အရာရှိကို ရှာဖွေနေတာကို ပြသထားပါတယ်။ အီရန်အစိုးရက အမေရိကန်အရာရှိကို ဖမ်းဆီးနိုင်သူအတွက် ဆုငွေကြီးကြီး ပေးမယ်လို့ ကမ်းလှမ်းထားတာပါ။ လေယာဉ်မှူးကို ဖမ်းဆီးနိုင်တာ ဒါမှမဟုတ် သူတို့ကို သတ်နိုင်တာက အီရန်အစိုးရ အတွက် လူထုဆက်ဆံရေးအကျိုးအမြတ်များစွာ ရရှိစေမှာဖြစ်ပြီး အမေရိကန်အစိုးရအတွက်တော့ ကြီးမားစွာ အရှက်ရစေမှာလည်း ဖြစ်ပါတယ်။
ဒါပေမဲ့ မတ်လ ၄ ရက် ညနေအစောပိုင်းမှာ အမေရိကန်လေတပ်အထူးစစ်ဆင်ရေးအတွက် စစ်သား စုဆောင်း ရေးရဲ့ Instagram အကောင့်မှာ အမေရိကန်လက်နက်အရာရှိကို ကယ်တင်နိုင်ခဲ့တယ်လို့ ဖော်ပြ ခဲ့ပါတယ်။
Ref-twz.com
