
နေမိုး
၅. ၄. ၂၀၂၆
မဲမသမာမှုဖြင့် NLD အစိုးရဖြုတ်ချခံရမှုကို မကျေနပ်မှုကြောင့် နိုင်ငံတစ်ဝန်းတွင် ထကြွလာသော PDF များက ပြည်သူများသွားလာရာလမ်းပင်မရှောင် မြေမြုပ်မိုင်းများထောင်မှုကြောင့် မြန်မာနိုင်ငံတစ်ဝန်း မိုင်းကွင်းများသာဖြစ်နေသလို ကမ္ဘာပေါ်တွင်လည်း မြေမြှုပ်မိုင်းကြောင့် သေဆုံးဒဏ်ရာရမှုအများဆုံးဖြစ်လာသည့် မြန်မာနိုင်ငံတွင် ယခုလည်း PDF များ ထောင်ထားသည့် မိုင်းကို တံတားပြင်စဥ် နင်းမိသည့်အမျိုးသားသုံးဦး သေဆုံးဒဏ်ရာရမှုများ ဖြစ်ပွားခဲ့ရပြန်သည်။
NUG ဩဇာခံ PDF များ ကျူးလွန်သည့် မိုင်းထောင်မှု ဖြစ်စဥ်မှာ ၂၀၂၆ ခုနှစ်၊ ဧပြီ ၁ ရက် ညနေ ၄ နာရီ ၃၀ မိနစ်တွင် ရှမ်းပြည်နယ်၊ ရပ်စောက်မြို့နယ်၊ လယ်ခေါင်းကျေးရွာနေ ကိုစိုးထက်ဇော်(၂၃)နှစ်၊ ကိုထက်မြတ်(၂၁)နှစ်နှင့် ပါမဲကျေးရွာနေ ကိုဖိုးဖြူ(၃၀)နှစ်တို့သည် ဟိုပုံးမြို့နယ်၊ ဖာလဲကျေးရွာအနီးရှိ နမ့်လန်ချောင်းတံတားအား ပြုပြင်နေစဉ် တံတားအလယ် PDF များထောင်ထားသည့် မိုင်း တစ်လုံး ပေါက်ကွဲခဲ့မှုကြောင့် ၎င်းတို့ သုံးဦးတွင် မိုင်းပေါက်ကွဲစ ထိမှန်ဒဏ်ရာများ ရရှိခဲ့၍ ဆေးကုသနိုင်ရေး ရပ်စောက်မြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ဆေးကုသပေးနေစဉ် ကိုထက်မြတ်မှာ သေဆုံးသွားခဲ့ကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်မှ ပြည်သူများ ထိခိုက်အောင် မိုင်းထောင်သည့် အကြမ်းဖက်မှု ကျူးလွန်ခဲ့သူ မြင်းခြံ PDF များအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်း ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။
