




သက်တံ့
၅. ၄. ၂၀၂၆
ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်၊ မြေနီကုန်းခုံးကျော်တံတားပေါ်ကနေ သက်ကြီးပိုင်းအမျိုးသားတစ်ဦး ခုန်ချ သေဆုံးမှု ဒီနေ့လယ်ပိုင်းအချိန်က ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
ဖြစ်စဥ်က ဒီနေ့လယ် ၁၂ နာရီခန့်မှာ အသက် ၇၀ ကျော် အဘိုးအိုတစ်ဦးက ပြည်လမ်းနဲ့ စမ်းချောင်းမြို့နယ်၊ ရှင်စောပုလမ်းဆုံရာ မီးပွိုင့်ထိပ် မြေနီကုန်းတံတားပေါ်ကနေ ခုန်ချလိုက်တာဖြစ်ပါတယ်။
“အသက်က ခန့်မှန်း ၇၀ ကျော်လောက်ဖြစ်မယ်။ တစ်ခေါင်းလုံးဖွေးနေပြီ။ SPC ဓာတ်ဆီဆိုင်ရှေ့ ခုန်ချလိုက်တာ ပွဲချင်းပြီး ဆုံးသွားတယ်”လို့ ကူညီပေးခဲ့တဲ့ ပရဟိတအဖွဲ့ဝင်တစ်ဦးက ကနဦးသိရှိရတဲ့အခြေအနေကို ပြောပါတယ်။
အဘိုးအိုက စိမ်းပြာရောင်ပုဆိုး၊ နက်ပြာစင်းအင်္ကျီကိုဝတ်ဆင်ထားပြီး လျှာထိုးဦးထုပ်ဆောင်းထားသလို ညှပ်ဖိနပ်စီးထားတဲ့အပြင် ဘေးလွယ်အိတ်အနက်ရောင်လေးလည်းပါပြီး ခုန်ချစဥ်ဦးခေါင်းထိခိုက်တာကြောင့် ပွဲချင်းပြီးဆုံးပါးခဲ့ရတာဖြစ်ပါတယ်။
ရုပ်အလောင်းကို ကြီးလေးကြီး လူမှုကူညီရေးအသင်းက ရန်ကုန်ဆေးရုံကြီးဆီပို့ဆောင်ထားပြီး မိသားစုတွေ သိရှိဖို့လည်း လူမှုကွန်ရက်မှာ အသိပေးထားပါတယ်။
