၃၁. ၃. ၂၀၂၆
Written by Nyein Kyaw
ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့တွင် ဒုတိယသမ္မတလောင်းတစ်ဦးစီကို ရွေးချယ်ရန် သက်ဆိုင်ရာလွှတ်တော်အသီးသီး၌ ယနေ့ မတ်လ ၃၁ ရက် နံနက်ပိုင်းတွင် ဆန္ဒမဲများပေးနေကြကြောင်း သိရသည်။
ပြည်သူ့လွှတ်တော်တွင် ဒုတိယသမ္မတလောင်းများအဖြစ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တောင်တွင်းကြီးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာကျော်ဆွေတို့နှစ်ဦးမှ တစ်ဦးကို ဆန္ဒမဲပေးရွေးချယ်နေကြခြင်းဖြစ်သည်။
ထို့အတူ အမျိုးသားလွှတ်တော်တွင် ဒုတိယသမ္မတလောင်းများအဖြစ် ကရင်ပြည်နယ်လွှတ်တော်မှ ဒေါက်တာနန်းနီနီအေးနှင့် ကချင်ပြည်နယ်လွှတ်တော် PR မဲဆန္ဒနယ်အမှတ် (၂) မှ ဒေါက်တာ မနာမ်တူးဂျာတို့နှစ်ဦးမှ တစ်ဦးကို ဆန္ဒမဲပေးရွေးချယ်နေကြခြင်းဖြစ်သည်။
လွှတ်တော်အသီးသီးတွင် ရွေးချယ်ခံရသည့် ဒုတိယသမ္မတလောင်းအမည်စာရင်းများကိုလည်း ဆန္ဒမဲပေးပြီးရလဒ်များထွက်ပေါ်လာပြီးပါက ဆက်လက်ဖော်ပြပေးသွားမည်ဖြစ်သည်။






