


နေမိုး
၂၇. ၃. ၂၀၂၆
၂၃၀ ကေဗွီဓာတ်အားလိုင်းကို ပဲခူး PDF များက ယနေ့နံနက်ပိုင်းအချိန်တွင် မင်းလှမြို့အနီး မိုင်းခွဲဖျက်ဆီးသဖြင့် ဓာတ်အားပို့လွှတ်နိုင်မှု မဂ္ဂါဝပ် ၄၀၀ ခန့် လျော့ကျသွားခဲ့သည်ဟု ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းက ထုတ်ပြန်အသိပေးသည်။
NUG ဩဇာခံ ပဲခူး PDF များက ယနေ့ မတ်လ ၂၇ ရက် နံနက် ၁၁ နာရီ ၄၁ မိနစ်အချိန်တွင်၂၃၀ ကေဗွီ ရွှေတောင်-မင်းလှ-မြောင်းတကာ Double Circuit ဓာတ်အားလိုင်းအား မင်းလှမြို့နယ်အနီး မိုင်းခွဲဖျက်ဆီးခံလိုက်ကြသည်။
ထိုသို့ မိုင်းခွဲဖျက်ဆီးလိုက်မှုကြောင့် တာဝါတိုင်အမှတ် (၃၁၁)နှင့် (၃၁၂)ပြိုလဲခဲ့ရပြီး တာဝါတိုင်အမှတ် (၃၁၀)နှင့် (၃၁၃)တိမ်းစောင်းခဲ့၍ လိုင်းချို့ယွင်းမှု ဖြစ်ပွားခဲ့သဖြင့် ဓာတ်အားစနစ်အတွင်း မဂ္ဂါဝပ် ၄၀၀ ခန့် သယ်ဆောင်ပို့လွှတ်မှု လျော့နည်းသွားခဲ့ရသည်။
သို့ဖြစ်ပါ၍ မြန်မာနိုင်ငံတောင်ပိုင်း ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးအတွင်း အချို့အချိန်များနှင့် အချို့သော နေရာများတွင် ဝန်အားထိန်းညှိမှုများ ဆောင်ရွက်နေရပါကြောင်းနှင့် အဆင်မပြေမှုများအတွက် နားလည်သည်းခံပေးပါရန် မိဘပြည်သူများထံသို့ လေးစားစွာ အသိပေးပန်ကြားအပ်ပါကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းက အသိပေးထားသည်။
မြန်မာနိုင်ငံတွင် လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်မှု တပ်ဆင်အင်အား မဂ္ဂါဝပ် ၇၀၀၀ ခန့်ရှိသော်လည်း မဂ္ဂါဝပ် ၂၀၀၀ ခန့်မှာ PDF များ၏ ဖျက်ဆီးမှုကြောင့် နေ့စဥ်လိုအပ်သည့် ၄၆၆၄ မဂ္ဂါဝပ်အစား ၃၆၀၀ မဂ္ဂါဝပ်သာ ထုတ်လုပ်နိုင်သဖြင့် အချိန်ပိုင်း အလှည့်ကျဖြင့် မီးပေးနေချိန်တွင် ယခု PDF များ၏ ထပ်မံဖျက်ဆီးမှုကြောင့် လျှပ်စစ်မီးပြတ်တောက်ချိန် ပိုမိုများပြားလာဦးမည်ဖြစ်သည်။ Photo – Credit
