၂၅.၃.၂၀၂၆
Written By Thandar
Royal King Film, Production & Distribution က ရိုက်ကူးမယ့် မိသားစု ဒရာမာဇာတ်လမ်းပုံစံ “အတိတ်ခါးခါး”ဇာတ်လမ်းတွဲ ကန်တော့ပွဲပေးမှုကို ယနေ့ မတ်လ ၂၅ ရက် နံနက်ပိုင်းက ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်ရှိ ကျိုက္ကဆံဘုရားအောင်မြေမှာ ကျင်းပခဲ့ပါတယ်။
“ကျွန်တော်ကတော့ ဒီဇာတ်လမ်းတွဲထဲမှာ ဆရာဝန်တစ်ယောက်နေရာက မြင်တွေ့ရမှာပါ။ ကိုယ့်ကူညီထားတဲ့ကောင်မလေးကို အဆုံးစွန်ဆုံးအထိ လိုက်စောင့်ရှောက်ပေးတဲ့သူပေါ့နော်။ ရိုမန့်ဆန်ဆန်ကိုမှ အတိတ်ကဖြစ်ရပ်လေးကို ပြန်ပြီးတော့ ကူညီဖြေရှင်းပေးတဲ့သူပေါ့နော်။ ဆရာဝန်နဲ့ပတ်သက်တဲ့ အရာလေးတွေ ကြိုပြင်ဆင်ထားပါတယ်။ ဇာတ်လမ်းက နည်းနည်းဆန်းတဲ့ဇာတ်လေးပါ။ အတိတ်တွေက ခါးခဲ့တာကို ရင်ဆိုင် ဖြေရှင်းရမှာဆိုတော့လေ။ ဒီဇာတ်ကားမှာ ဝါရင့်အနုပညာရှင်တွေလည်းပါတဲ့ ဇာတ်လေးဆိုတော့ ပရိသတ်အကြိုက်တွေ့စေမယ့် နည်းနည်းလောင်တာလေးတွေပါပါတယ်” လို့ သရုပ်ဆောင် ညိမ်းသော်က ပြောပါတယ်။
အဆိုပါ ဇာတ်လမ်းတွဲရဲ့ ဇာတ်လမ်း/ဇာတ်ညွှန်းကို ယွန်းသခင်၊ ဒါရိုက်တာတင်အောင်ကျော်က မိသားစု ဒရာမာပုံစံကိုမှ ပရိသတ်တွေ အလောင်လေးကြည့်ရှုရမယ်လို့ ဆိုပါတယ်။
သရုပ်ဆောင်တွေဖြစ်တဲ့ ညိမ်းသော်၊ နန်းဆုဦး၊ ဘုန်းလျှံ၊ ပွင့်နဒီမောင်၊ နှိုင်းယှဉ်မြင့်မိုရ်၊ ဘေဘီမောင်၊ ဂျွန်နိုင်းအောင်၊ စွဲငြိထင်၊ မိုကိုခန့်၊ ကောင်းဟိန်း၊ အကယ်ဒမီ ဝါဝါအောင်နဲ့ အနုပညာရှင်များစွာပါဝင်ထားကြပါတယ်။
အပိုင်း ၂၀ ပါဝင်မယ့် “အတိတ်ခါးခါး ” ဇာတ်လမ်းတွဲကို လာမယ့် မတ်လ ၂၇ ရက်မှာ ရန်ကုန်မြို့မှာ စတင်ရိုက်ကူးပြီး Channel 7 ရုပ်သံလိုင်းက ထုတ်လွှင့်သွားမယ်လို့ သိရပါတယ်။
#ညိမ်းသော် #နန်းဆုဦး #ဂျွန်နိုင်းအောင် #နှိုင်းယှဉ်မြင့်မိုရ် #မိုကိုခန့် #NteinThaw #NanSuOo #MyanmarActor #MyanmarCele #အတိတ်ခါးခါး #ကျိုက္ကဆံဘုရားအောင်မြေ









