၂၄.၃.၂၀၂၆
Written by KL
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်၊ မြို့သစ်ကြီးရပ်ကွက်၊ အေးမြသာယာနယ်မြေ(၄)တွင် အင်ဗာတာ အပူလွန်ကဲရာမှ နေအိမ်တစ်လုံးနှင့် ပစ္စည်းအဟောင်းဆိုင် မီးလောင်မှု ယနေ့ မတ်လ ၂၄ ရက် နံနက် ၁ နာရီ မထိုးမီ ၁၅ မိနစ်အလိုက ဖြစ်ပွားခဲ့ကြောင်း ကချင်ပြည်နယ်မီးသတ်ဦးစီးဌာနထံမှ သိရသည်။
၁၅ မိနစ်ကြာလောင်ကျွမ်းခဲ့သော မီးလောင်မှုကြောင့် သွပ်မိုးထရံကာ ပျဥ်ခင်း တစ်ထပ်နေအိမ်နှင့် ပစ္စည်းအဟောင်းရောင်းဝယ်ရေးဆိုင်တစ်ဆိုင် မီးလောင်ဆုံးရှုံးခဲ့သည်။
နေအိမ်မီးလောင်မှုကို မီးငြှိမ်းသတ်ယာဥ် တစ်စီး၊ ရေသယ်ယာဥ် သုံးစီးနှင့် သန္ဓေအရန်မီးသတ်တပ်ဖွဲ့ဝင်များက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ နံနက် ၁ နာရီတွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။
နေအိမ်နှင့်ပစ္စည်းအဟောင်းဆိုင် မီးလောင်မှုကြောင့် အသက် ၄၅ နှစ်အရွယ် ညစောင့် အမျိုးသားကို မြစ်ကြီးနားနယ်မြေရဲစခန်းက ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။
