
၂၃. ၃. ၂၀၂၆
Written by Nyein Kyaw
လေယာဉ်ဆီအခက်အခက်ခဲများကြောင့် ပြည်တွင်း/ပြည်ပ လေကြောင်းခရီးစဉ််များတွင် ခရီးဆောင်အိတ်အလေးချိန် ကန့်သတ်ချက်များအား ပြောင်းလဲပြင်ဆင်သတ်မှတ်မည်ဖြစ်ကြောင်း မြန်မာအမျိုးသားလေကြောင်းလိုင်း (MNA) မှ အသိပေးကြေညာထားသည်။
လက်ရှိတွင် ကြုံတွေ့နေရသော လေယာဉ်ဆီဆိုင်ရာ လုပ်ငန်းဆောင်ရွက်မှု အခက်အခဲများကြောင့် ပြည်တွင်း/ပြည်ပခရီးစဉ်များ အချိန်မှန်ပျံသန်းပြေးဆွဲနိုင်ရေးနှင့် ခရီးစဉ်ဖျက်သိမ်းမှုများ မဖြစ်ပေါ်စေရေးအတွက် ခရီးဆောင်အိတ် အလေးချိန်ကန့်သတ်ချက်များကို ၂၀၂၆ ခုနှစ် ဧပြီ ၁ ရက်မှစတင်၍ ပြောင်းလဲပြင်ဆင်သတ်မှတ်လိုက်ကြောင်း ထုတ်ပြန်ထားသည်။
ပြောင်းလဲပြင်ဆင်သတ်မှတ်ချက်အရ Checked Baggage အလေးချိန်သည် ပြည်ပခရီးစဉ်များ (International Flights) တွင် Business Class အတွက် 40 Kg (2 Pieces)၊ Economy Class အတွက် 30 Kg (2 Pieces)၊ Economy Class (Saver & Promo)အတွက် 20 Kg (2 Pieces) နှင့် ပြည်တွင်းခရီးစဉ်များ (Domestic Flights) တွင် Business Class အတွက် 30 Kg (2 Pieces)၊ Economy Class အတွက် 20 Kg (2 Pieces) ဖြစ်သည်။
ထို့အတူ Hand Carry အလေးချိန်သည် ပြည်တွင်း/ပြည်ပခရီးစဉ်အားလုံး Business Class အတွက် Total 14Kg (2 Pieces)နှင့် Economy Class အတွက် Total 7 Kg (1 Piece) အဖြစ် ပြောင်းလဲသတ်မှတ်လိုက်ပြီး Hand Carry Baggage အတွင်းတွင် Duty Free မှ ဝယ်ယူသည့်ပစ္စည်းများ၏ အလေးချိန် ပါဝင်ပြီးဖြစ်ကြောင်းနှင့် သတ်မှတ်ထားသော kg ထက်ကျော်လွန်သည့် Kg များအား Extra Fee ကောက်ခံသွားမည်ဖြစ်သည်။
