
၂၀.၃.၂၀၂၆
Translated by Htwe Ko Tun
အီရန်စစ်ပွဲမှာ အီရန်အစ္စလမ်မစ်တော်လှန်ရေး အစောင့်တပ်ဖွဲ့ (IRGC)ပြောရေးဆိုခွင့်ရှိသူ အလီ မိုဟာမက်နေနီဟာ အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ လေကြောင်းတိုက်ခိုက်မှုများအတွင်း ကျဆုံးသွားခဲ့တယ်လို့ အီရန်နိုင်ငံပိုင်ရုပ်မြင်သံကြားဌာနက မတ်လ ၂၀ ရက်မှာ ပြောခဲ့ပါတယ်။
Sepah သတင်းဌာန ဝက်ဘ်ဆိုက်မှာတော့ အလီ မိုဟာမက် နေနီဟာ အမေရိကန် ဇီယွန်ဝါဒီတို့ရဲ့ သူရဲဘောကြောင်တဲ့တိုက်ခိုက်မှုအောက်မှာ မတ်လ ၂၀ ရက် အရုဏ်အချိန်ကပဲ သူရဲကောင်းအာဇာနည်ပီသ စွာ ကျဆုံးခဲ့တယ်လို့ ဆိုပါတယ်။
နိုင်ငံပိုင်သတင်းဌာနကလည်း နေနီ ဟာ အီရန်အစ္စလမ်မစ်တော်လှန်ရေး အစောင့်တပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ အဖြစ် ၂၀၂၄ ခုနှစ်ကစလို့ တာဝန်ထမ်းဆောင်ခဲ့ပြီး လေကြောင်းတိုက်ခိုက်မှုတွေအတွင်း သေဆုံးခဲ့တယ်လို့ ပြောခဲ့ပါတယ်။
ဒါပေမယ့် အစ္စရေးနဲ့ အမေရိကန်တို့ ကတော့ နေနီ ကျဆုံးမှုအပေါ် တစ်စုံတစ်ရာ အတည်ပြုပြောကြားတာမျိုး မရှိသေးပါဘူး။
Ref-DW News
