၁၈.၃.၂၀၂၆
Written by KL
ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ အမှတ် (၈)ရပ်ကွက်၊ ဦးပုညလမ်းရှိ စွယ်စုံမုန့်တိုက်တွင် မတ်လ ၁၈ ရက် နံနက်အစောပိုင်းက ရေခဲသေတ္တာ Safeguard အပူလွန်ကဲ၍ မီးစတင်လောင်ကျွမ်းခဲ့ကြောင်း မီးငြှိမ်းသတ်သူများထံမှ သိရသည်။
မီးလောင်မှုမှာ သုံးထပ်တိုက် မြေညီထပ်တွင် ဖြစ်ပွားခဲ့ပြီး မိနစ်၂၀ ကြာ မီးလောင်မှုကြောင့် မြေညီထပ်နှင့် စားသောက်ကုန်၊ လူသုံးကုန်ပစ္စည်းများ၊ ရေခဲသေတ္တာတို့ မီးလောင်ဆုံးရှုံးခဲ့သည်။
မီးလောင်မှုကို မီးငြှိမ်းသတ်ယာဥ် ၃ စီး၊ ရေသယ်ယာဥ် ၁ စီး၊ အထောက်အကူပြုယာဥ် ၂ စီး၊ ကွပ်ကဲမှုယာဥ် ၁ စီးတို့ဖြင့် ပူးပေါင်းငြှိမ်းသတ်ခဲ့ရာ နံနက် ၁ နာရီတွင် မီးငြိမ်းခဲ့သည်။
အဆိုပါ မီးလောင်မှုနှင့်ပတ်သက်၍ အသက် ၅၂နှစ်အရွယ် အိမ်ရှင် အမျိုးသားကို ရာဇသတ်ကြီးဥပဒေ ၂၈၅ ဖြင့် လှိုင်သာယာ(အရှေ့ပိုင်း)မြို့မရဲစခန်းက အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
