၁၄.၂.၂၀၂၆
Translated by Htwe Ko Tun
အမေရိကန်ပြည်ထောင်စု သမ္မတ ဒေါ်နယ်ဒ် ထရမ့်ပ်က အီရန်နိုင်ငံရဲ့ အဓိကရေနံထွက်ရှိရာ Kharg ကျွန်းပေါ်က ဖုံးကွယ်ထားတဲ့ စစ်ရေးပစ်မှတ်တွေကို တိုက်ခိုက်ခဲ့တယ်လို့ မတ်လ ၁၃ ရက်မှာ ပြောကြားခဲ့ပြီးနောက် နောက်တစ်နေ့ဖြစ်တဲ့ မတ်လ ၁၄ ရက်မှာ အီရတ်နိုင်ငံ၊ ဘဂ္ဂဒက်မြို့တော်ရှိ အမေရိကန် သံရုံးကို အီရန်က ဒုံးကျည်နဲ့ ပစ်ခတ်မှုဟာ ထိမှန်ခဲ့ပါတယ်။
ဒီတိုက်ခိုက်မှုက ဘဂ္ဂဒက်မြို့မှာ အီရန်ထောက်ခံတဲ့လက်နက်ကိုင်နှစ်ဦး လေကြောင်းတိုက်ခိုက်မှုတွေ အတွင်း သေဆုံးခဲ့ပြီးသိပ်မကြာခင်မှာ ဖြစ်ခဲ့တာပါ။
ဒုံးကျည်က သံရုံးတည်ရှိရာ အဆောက်အအုံထိပ်ရှိ ရဟတ်ယာဉ်ကွင်းတစ်ခုကိုထိမှန်ခဲ့တာလို့ AP သတင်းဌာနက ပြောခဲ့ပါတယ်။
ဒုံးကျည်ထိမှန်ပြီးနောက်မှာ သံရုံးအဆောက်အအုံကနေ မီးခိုးငွေ့တွေထွက်နေတာကို ဗီဒီယိုရိုက်ကူးချက် တွေမှာ တွေ့ကြရပါတယ်။ ထိခိုက်မှုအပျက်အစီးတွေနဲ့ ပတ်သက်လို့ အသေးစိတ်အချက်အလက်တွေကို တော့မသိရသေးပါဘူး။
Ref-AP
