၉.၃.၂၀၂၆
Written by Thiri
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၊ ဘုရားကြီးမြို့မှာ Probox ယာဉ်တစ်စီး ရပ်ထားစဉ် ရုတ်တရက် မီးလောင်မှု ဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ် ဒီနေ့ နေ့လယ် ၁၂ နာရီ မိနစ် ၃၀ အချိန်ခန့်က ဖြစ်ပွားခဲ့တယ်လို့ ဒေသခံ တချို့ထံကနေ သိရပါတယ်။
ဖြစ်စဉ်က ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၊ ဘုရားကြီးမြို့အမှတ်(၂)ရပ်ကွက်၊ ဝေါလမ်း၊ KBZ ဘဏ်ရှေ့မှာ ဒီနေ့ နေလယ် ၁၂ နာရီခွဲအချိန်ခန့်က Probox (အဖြူရောင်) ယာဉ်တစ်စီး မီးလောင်မှုဖြစ်ပွားနေတဲ့ သတင်းအရ မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတွေက ထွက်ခွာငြှိမ်းသတ်ခဲ့ကြတယ်လို့ သိရပါတယ်။
အဆိုပါ ယာဉ်မီးလောင်ရတဲ့ အကြောင်းအရင်းက ကားနောက်ခန်းအတွင်းမှာ ဓာတ်ဆီကို ပလတ်စတစ်ပုံးနဲ့ ထည့်ကာတင်ထားခဲ့ရာကနေ အပူရှိန်နဲ့ အငွေ့ပျံပြီး အပူလွန်ကဲကာ၊ မီးထတောက်ပြီး အနီးရှိ ကားကူရှင်တွေကို မီးကူးစက်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။
မီးလောင်မှုအတွင်း လူထိခိုက်မှုမရှိခဲ့ဘဲ မီးငြှိမ်းသတ်ရာမှာ ဘုရားကြီးနယ်မြေမီးသတ်စခန်းမှ တာဝန်ရှိတွေက မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ သန္ဓေ တပ်ဖွဲ့ဝင်
တွေ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ သွားရောက်မီးငြှိမ်းသတ်ခဲ့ကြကာ မွန်းလွဲ ၁၂ နာရီ ၃၉ မိနစ်အချိန်မှာ မီးငြိမ်းတယ်လို့ သိရပါတယ်။
