၆. ၃. ၂၀၂၆
Written by Nyein Kyaw
ယခု ၂၀၂၅- ၂၀၂၆ ဘဏ္ဍာနှစ် ဧပြီလမှ ဖေဖော်ဝါရီအထိ ၁၁ လအတွင်း ပြည်ပသို့ ဆန်နှင့်ဆန်ကွဲ တန်ချိန် ၂ ဒသမ ၅၀၆ သန်းတင်ပို့နိုင်ခဲ့၍ နိုင်ငံခြားဝင်ငွေ ဒေါ်လာသန် ၇၉၀ ရရှိခဲ့ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် (MRF) မှ ထုတ်ပြန်ထားသည့်စာရင်းအရ သိရသည်။

ယခုဘဏ္ဍာနှစ်အတွင်း လစဉ် ဆန်နှင့်ဆန်ကွဲတင်ပို့မှုမှာ ဧပြီလတွင် တန်ချိန် ၁၄၂,၇၈၈ တန်တင်ပို့မှုမှ ဒေါ်လာ ၅၂ သန်း၊ မေလတွင် တန်ချိန် ၂၅၉,၅၀၁ တန် တင်ပို့မှုမှ ဒေါ်လာသန်း ၉၀၊ ဇွန်လတွင် တန်ချိန် ၂၁၂,၄၁၆ တန် တင်ပို့မှုမှ ဒေါ်လာ ၇၁ သန်း၊ ဇူလိုင်လတွင် တန်ချိန် ၂၃၀,၆၇၂ တန် တင်ပို့မှုမှ ဒေါ်လာ ၇၇ သန်း၊ ဩဂုတ်လတွင် တန်ချိန် ၁၉၂,၉၈၅ တန် တင်ပို့မှုမှ ဒေါ်လာ ၆၅ သန်း၊ စက်တင်ဘာလတွင် တန်ချိန် ၁၆၈,၀၄၆ တန် တင်ပို့မှုမှ ဒေါ်လာ ၅၂ သန်း ရရှိခဲ့ခြင်းဖြစ်သည်။
ထို့အတူ အောက်တိုဘာလတွင် တန်ချိန် ၃၁၆,၉၂၀ တန် တင်ပို့မှုမှ ဒေါ်လာ ၉၂ သန်း၊ နိုဝင်ဘာလတွင် တန်ချိန် ၂၆၃,၈၁၅ တန် တင်ပို့မှုမှ ဒေါ်လာ ၇၆ သန်း၊ ဒီဇင်ဘာလတွင် တန်ချိန် ၃၃၁,၈၆၄ တန် တင်ပို့မှုမှ ဒေါ်လာ ၉၁ သန်း၊ ဇန်နဝါရီလတွင် တန်ချိန် ၂၀၈,၈၄၇ တန် တင်ပို့မှုမှ ဒေါ်လာသန်း ၆၀ နှင့် ဖေဖော်ဝါရီတွင် တန်ချိန် ၁၇၈,၁၉၁ တန် တင်ပို့မှုမှ ဒေါ်လာ ၅၅ သန်း ရရှိခဲ့ခြင်းဖြစ်သည်။
ပြီးခဲ့သည့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံအနေဖြင့် ပြည်ပသို့ ဆန်နှင့်ဆန်ကွဲတင်ပို့မှု တန်ချိန် ၂ ဒသမ ၄၈၇ သန်း တင်ပို့ခဲ့ကြောင်း MRF မှ ထုတ်ပြန်ထားသည့်စာရင်းအရ သိရသည်။
