၆. ၃. ၂၀၂၆
Written by Nyein Kyaw
ယာယီရပ်နားထားသော ရန်ကုန်-ဒူဘိုင်းလေကြောင်းခရီးစဉ်ကို မတ်လ ၆ ရက် (ယနေ့)တွင် ပြန်လည်ပျံသန်းပြေးဆွဲနေပြီဖြစ်ကြောင်း မြန်မာအမျိုးသားလေကြောင်းလိုင်း (MAI) မှ အသိပေးကြေညာထားသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၈ ရက်တွင် စတင်ဖြစ်ပွားခဲ့သော အရှေ့အလယ်ပိုင်းဒေသ စစ်ရေးပဋိပက္ခအခြေအနေအတွင်း ဒေသတွင်းလေကြောင်းလမ်း ပိတ်ဆို့မှုများကြောင့် ရန်ကုန်-ဒူဘိုင်းခရီးစဉ်များကို ယာယီရပ်နားထားခဲ့ရခြင်းဖြစ်သည်။
ဒူဘိုင်း-ရန်ကုန် ခရီးစဉ်အား မတ်လ ၆ ရက် ယနေ့တွင် စတင်ပျံသန်းခြင်းဖြစ်သော်လည်း ရန်ကုန်-ဒူဘိုင်းခရီးစဉ်အား မတ်လ ၈ ရက်မှသာ စတင်ပျံသန်းမည်ဖြစ်ကြောင်း MAI မှ တာဝန်ရှိသူက ပြောသည်။
“ရန်ကုန်ကနေဆို မတ်လ ၈ ရက်က စတင်ပျံသန်းမှာပါ။ နောက်တစ်ပတ်ထဲမှာဆိုရင် မတ်လ ၉ ရက်၊ မတ်လ ၁၁ ရက်၊ မတ်လ ၁၃ ရက်၊ မတ်လ ၁၅ ရက်တို့အတွက်လည်း ပျံသန်းသွားမှာဖြစ်ပါတယ်” ဟု MAI မှ တာဝန်ရှိသူက ပြောသည်။
