၅. ၃. ၂၀၂၆
Written by Nyein Kyaw
ရုရှားရေတပ်မှ အရာရှိ၊ စစ်သည် ၃၅၀ ဦး လိုက်ပါလာသော စစ်ရေယာဉ် ၃ စီး ချစ်ကြည်ရေးခရီးစဉ်အဖြစ် ရန်ကုန်မြို့၊ သီလဝါဆိပ်ကမ်း MITT တံတားသို့ ယနေ့ ညနေပိုင်းက ရောက်ရှိခဲ့ကြောင်း သတင်းထုတ်ပြန်ရေးအဖွဲ့မှ အသိပေးထုတ်ပြန်ထားသည်။
ရုရှားရေတပ်ပစိဖိတ်စစ်ရေယာဉ်စုမှ ကော်ဗက်စစ်ရေယာဉ်များဖြစ်သည့် Sovershenyi နှင့် Rezkiy၊ အလတ်စားဆီတင်သင်္ဘော Pechenga တို့သည် မြန်မာနိုင်ငံတော်သို့ ချစ်ကြည်ရေးခရီး လည်ပတ်ရန်အတွက် မတ်လ ၅ ရက် (ယနေ့) ညနေပိုင်းတွင် ရန်ကုန်မြို့၊ သီလဝါဆိပ်ကမ်း MITT တံတားသို့ ရောက်ရှိလာရာ တပ်မတော်(ရေ)မှ အရာရှိ၊ စစ်သည်များ၊ မြန်မာနိုင်ငံဆိုင်ရာ ရုရှားစစ်သံမှူးနှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။

အဆိုပါစစ်ရေယာဉ်များတွင် အဖွဲ့ ခေါင်းဆောင်ဖြစ်သူ Captain 1st Rank Andrei Gaevoi ဦးစီး၍ အရာရှိ၊ စစ်သည်စုစုပေါင်း ၃၅၀ ဦး လိုက်ပါလာပြီး မြန်မာနိုင်ငံတွင် မတ်လ ၁၀ ရက်အထိ ၆ ရက်ကြာနေထိုင်၍ လေ့လာလည်ပတ်သွားမည်ဖြစ်ကာ နှစ်နိုင်ငံချစ်ကြည်ရေး အားကစားပြိုင်ပွဲများလည်း ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
