၄.၃.၂၀၂၆
Written By Thandar
တိုင်းဒေသကြီးနဲ့ ပြည်နယ်အသီးသီးက ရွေးချယ်ခံထားရတဲ့ Mister Myanmar 2026 ရဲ့ Finalist ပြိုင်ပွဲဝင် Mister ၂၄ ဦးကို စလွယ်ပေးအပ်ခြင်းနဲ့ မီဒီယာမိတ်ဆက်ပွဲ အခမ်းအနားကို မတ်လ ၃ ရက်နေ့ နေ့လယ်ပိုင်းက ရန်ကုန်မြို့ Wyndham Grand Yangon Hotel မှာကျင်းပခဲ့ပါတယ်။
“ကျွန်တော်တို့ မတူညီတဲ့ မြန်မာနိုင်ငံ တိုင်းနဲ့ပြည်နယ် အရပ်ရပ်က City Director တွေ ရွေးချယ်ထားတဲ့ Mister ၂၄ ယောက်ကို မိတ်ဆက်ပေးတာပါ။ ဒီပြိုင်ပွဲဝင် Mister တွေက Catwalk လျှောက်ပြပြီးတော့ ပြည်နယ်နဲ့ တိုင်း အလိုက် စလွယ်တွေပေးအပ်တာပါ။ ခုကျင်းပနေတဲ့ Mister Myanmar 2026 ပြိုင်ပွဲမှာ ပတ္တမြား အလေးချိန် စုစုပေါင်း ၄ဝ ကာရက်ရှိပြီး ကာလပေါက်ဈေး သိန်း ၃ ထောင်ကျော် တန်ကြေးရှိတဲ့ ပတ္တမြား Crown ကြီးကို ထိုက်ထိုက်တန်တန် ချီးမြင့်ခြင်းခံရမှာဖြစ်ပါတယ်။ ကျွန်တော်က အခုကျင်းပနေတဲ့ ပွဲစဉ်တွေမှာ Mister တွေရဲ့ စစ်မှန်တဲ့ အရည်အချင်းတွေနဲ့ကြည့်ပြီး Crown ကိုပေးအပ်မှာပါ။ ကျွန်တော့်အနေနဲ့ Crown ကို လုံးဝရောင်းချတာတွေ မရှိတဲ့ပွဲဖြစ်ပါတယ်။ ဒီပြိုင်ပွဲဝင် Mister ၂၄ ဦး Final မှာ Winner ၃ ဦးကို ရွေးချယ်ပြီး Winner တွေအနေနဲ့ International ကိုသွားရောက်ယှဉ်ပြိုင်ရမယ့်အခွင့်အရေးတွေရရှိမှာဖြစ်ပါတယ်”လို့ National Director ဒေါက်တာရဲထွန်းသူက ပြောပါတယ်။
အဆိုပါ အခမ်းအနားမှာ Mister Myanmar ပွဲရဲ့ ပဲ့ကိုင်ရှင်ဖြစ်တဲ့ Burmese Face Entertainment Founder ဒေါက်တာရဲထွန်းသူက အဖွင့်အမှာစကားပြောကြားပြီး ပြီးခဲ့တဲ့ ၂၀၂၅ခုနှစ်က Winner ရရှိထားတဲ့ Mister Myanmar 2025 တဲ့ ဇေယျာထက်အောင်က ပြိုင်ပွဲဝင်တွေကို အားပေးစကားတွေပြောကြားခဲ့ပါတယ်။ ပြိုင်ပွဲဝင်အလှမောင် Mister ၂၄ ဦးတို့က Catwalk တွေလျှောက်ပြခဲ့ပြီး Media Choice Award နဲ့အတူ Best Dressed Award ဆုတွေကို ပေးအပ်ချီးမြင့်ပေးခဲ့ပါတယ်။ Media Choice Award ကို Mister Sittwe ကိုယ်စားပြု Mister စိုးထက်ဝင်း၊ Best Dressed Award ဆုကို Mister Tarchileik ကိုယ်စားပြု Mister ဝီလျှံရှိုင်းတို့ ရရှိခဲ့ကြပါတယ်။
Mister Myanmar 2026 ပြိုင်ပွဲဝင်တွေက ရွေးချယ်ခံရသူ ၃ ဦးက International ပွဲတွေဖြစ်တဲ့ Mister International၊ Man of the world နဲ့ Mister Friendship တို့မှာ သွားရောက်ယှဉ်ပြိုင်ခွင့်ရရှိမှာလည်းဖြစ်ပါတယ်။
ရဲထွန်းသူ #ထူးအံ့လွင် #YarzarHtetAung #MisterMyanmar2026 #MediaPressConference
DrYeTunThu #DrFaceSkinCareProducts #MisterMyanmar2026
၁၂၂၀ လောက် တင်ပေးပါ
