၃.၃.၂၀၂၆
Written By Thandar
Ella Film Production က ဒရာမာဇာတ်လမ်းပုံစံ “ကကြိုးရုပ်” ဇာတ်လမ်းတွဲ ကန်တော့ပွဲပေးပွဲကို ယနေ့ မတ်လ ၃ ရက် နံနက် ၉ နာရီက ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ်ရှိ မြစာရံအေးစေတီမှာ ကျင်းပခဲ့ပါတယ်။
“အငုံက ဒီကားထဲမှာ နေခြည်ငယ်ကာရိုက်တာနဲ့ ပါဝင်ထားရပါတယ်။ နောက် မဟုတ်မခံ အမှန်တရားကိုပဲ လက်ခံတဲ့သူ၊ ရိုးသားခြင်းကို သဘောကျတတ်တဲ့ ကောင်မလေးပုံစံနဲ့ မြင်တွေ့ရမှာပါ။ ကိုယ်လုပ်ဖူးသမျှတွေထက်ပိုပြီး နေခြည်ငယ် ကာရိုက်တာက Challenge ဖြစ်ပါတယ်။ ဒီကားမှာ ကိုရဲရင့်သော်ရော မထွန်းပုလဲရောက Script Reading ကတည်းက မရှိန်အောင်၊ ပေါ့ပေါ့ပါးပါးဖြစ်အောင်လို့ ပျော်ပျော်ပါးပါးလေးပဲ ညီမတို့လို အသစ်တွေ ဆွဲခေါ်ပေးပါတယ်။ ညီမလေးခြယ်ခြယ်နဲ့လည်း ပထမဆုံး အခုမှ ဆုံကြပေမယ့် Chemistry မိပါတယ်ရှင့်။ ဒီကားထဲမှာကတော့ နေခြည်ငယ်နဲ့ တိုးမောင်ကတော့ အတွဲလေးပေါ့။ တိုးမောင်ကတော့ ကို Albert ပိုင်ပါ။ သူနဲ့ကတော့ အမြဲဆုံနေရမှာပါ။ အငုံ အရင်ကရိုက်ခဲ့တဲ့ ပြည့်ဝချမ်းသာတို့ တခြား Series တွေတို့မှာဆိုရင် ပုံမှန်ကိုချာလီရဲ့ ညီမပုံစံလေးတို့၊ ကျောင်းသူတို့ လူငယ်ကာရိုက်တာလေးပါပဲ။ အခုဒီကားမှာကြတော့ အိမ်ထောင်သည်ဘဝထိ ပါသွားရမှာပေါ့နော်။ အကောင်းဆုံးတော့ အငုံ ကာရိုက်တာ ပီပြင်အောင်ကြိုးစားသွားမှာပါ။ မကြာခင်ထွက်လာရင်လည်း အားပေးကြပါဦးလို့ပြောချင်ပါတယ်”လို့ သရုပ်ဆောင် အိငုံဖူးက MT Entertainment ကို ပြောပါတယ်။
အဆိုပါ ဇာတ်ကားကို ဇာတ်လမ်းနဲ့ ဇာတ်ညွှန်း ပိုင်စိုးသူမောင်၊ ဒါရိုက်တာ ဝင့်ဥမ္မာကျော်က အနုပညာရှင်တိုင်းရဲ့ ကာရိုက်တာ အနိမ့်မြင့်အတက်ကျတွေ ဒရာမာဇာတ်လမ်းပုံစံ အပိုင်း ၁၆ ပိုင်းစာ အကောင်းဆုံး ရန်ကုန်မြို့မှာ မတ်လအတွင်း စတင်ရိုက်ကူးပုံဖော်သွားမယ်လို့ သိရပါတယ်။
သရုပ်ဆောင်တွေအနေနဲ့ ရဲရင့်သော်၊ ထွန်းပုလဲရတနာ၊ ချယ်ချယ်၊ ထူးခြား၊ Albert ပိုင်၊ အေဏီဇော်၊ အိငုံဖူး၊ သမုဒယ၊ ဝေလျံမင်းထက်နဲ့ အနုပညာရှင်များစွာပါဝင်ထားကြပါတယ်။
