



၈.၂.၂၀၂၆
Translated by Htwe Ko Tun
ထိုင်းနိုင်ငံမှာ ၂၀၂၆ ခုနှစ်၊ အထွေထွေရွေးကောက်ပွဲတွေကို နိုင်ငံတစ်ဝန်း ဖေဖော်ဝါရီ လ ၈ ရက် က ကျင်းပခဲ့ရာမှာ ထိုင်းစံတော်ချိန် ည ၈း၄၅ နာရီအထိ လက်ရှိကြားဖြတ်အစိုးရဝန်ကြီးချုပ် အနျူတင် ခေါင်းဆောင်တဲ့ ဘွမ်ဂျေထိုင်းပါတီက အမတ်နေရာ ၂၀၀ ရရှိကာဦးဆောင်နေတယ်လို့ တရားဝင်မဟုတ် သေးတဲ့သတင်းတွေအရ သိရပါတယ်။
ဒုတိယနေရာမှာတော့ ပြည်သူ့ပါတီက အမတ်နေရာ ၉၆ နေရာနဲ့ ရှိနေပြီး တတိယနေရာမှာတော့ ဖျူထိုင်းပါတီက အမတ်နေရာ ၈၃ နေရာရထားတယ်လို့ ဆိုပါတယ်။
ရွေးကောက်ပွဲမှာ အမတ်နေရာ ၅၀၀ ရှိတဲ့ အောက်လွှတ်တော်အတွက် အမတ်တွေ ရွေးကောက်တင်မြှောက်ကြမှာပါ။ အောက်လွှတ်တော်မှာ မဲအများစုဖြစ်တဲ့ အမတ်နေရာ ၂၅၁ နေရာရရှိတဲ့ပါတီမှ ကိုယ် စားလှယ်လောင်းတစ်ဦးက ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ရမှာလည်း ဖြစ်ပါတယ်။
အဲဒီပါတီတွေအနက် ပြည်သူ့ပါတီ၊ ဘွမ်ဂျေထိုင်းနဲ့ ဖျူထိုင်းပါတီ သုံးခုကတော့ တစ်နိုင်ငံလုံးအတိုင်း အတာဖြင့် စည်းရုံးရေးနဲ့ လူကြိုက်များမှုရှိပြီး မဲအများစုအနိုင်ရရှိတဲ့ အာဏာကို ရရှိဖို့ ရှိနေခဲ့ကြတာပါ။
ရွေးကောက်ပွဲမှာ မှတ်ပုံတင်ထားတဲ့ မဲဆန္ဒရှင် ၅၃ သန်းထံမှ ထောက်ခံမှုရရှိရေးအတွက် နိုင်ငံရေးပါတီ ၅၀ ကျော်က ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပါတယ်။
ဒေသန္တရစစ်တမ်းတွေကတော့ ဘယ်ပါတီကမှ ဝန်ကြီးချုပ်နေရာအတွက် မဲအများစုအနိုင်ရမှာ မဟုတ် ဘဲ ညွန့်ပေါင်းအစိုးရသာဖွဲ့စည်းရလိမ့်မယ်လို့ အဆက်မပြတ် ခန့်မှန်းနေခဲ့ကြတာပါ။
တရားဝင်မဟုတ်သေးတဲ့ သတင်းတွေအရလည်း အောက်လွှတ်တော်မှာ မဲအများစုရမယ့်ပါတီ ရှိမှာမဟုတ်ဘူးလို့ ခန့်မှန်းကြပါတယ်။
Ref- Thai PBS
