


MT News
၈. ၂. ၂၀၂၆
ဗိုလ်ချုပ်ကျော်သူရအေး ဦးဆောင်သည့် တပ်မတော်သား အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ၅၆ ဦးကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) က ယနေ့ အတည်ပြုကြေညာသည်။
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့မှစတင်၍ အပိုင်းလိုက်ကျင်းပခဲ့သည့် ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် အမျိုးသားလွှတ်တော်အတွက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က အမျိုးသားလွှတ်တော်ရွေးကောက်ပွဲဥပဒေ အခန်း ( ၈ ) ပါ ပြဋ္ဌာန်းချက်များနှင့်အညီ အမည်စာရင်းပေးပို့လာသည့် တပ်မတော်သား ၅၆ ဦးအား ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က စိစစ်ပြီးဖြစ်၍ အမျိုးသားလွှတ်တော် ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၃၁ အရ တပ်မတော်သား အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များဖြစ်ကြောင်း ကြေညာခဲ့ခြင်းလည်းဖြစ်သည်။
အမျိုးသားလွှတ်တော်အတွက် တပ်မတော်သားကိုယ်စားလှယ် ၅၆ ဦးကို ဗိုလ်ချုပ်ကျော်သူရအေး ဦးဆောင်ပြီး ဗိုလ်မှူးချုပ် ခြောက်ဦး၊ ဗိုလ်မှူးကြီး ၁၆ ဦး၊ ဒုတိယဗိုလ်မှူးကြီး ငါးဦး၊ ဗိုလ်မှူး ၂၁ ဦးနှင့် ဗိုလ်ကြီး ခုနစ်ဦးတို့ဖြင့် ဖွဲ့စည်းထားပြီး ထိုအစုအဖွဲ့တွင် အမျိုးသမီးကိုယ်စားလှယ် ခြောက်ဦးပါဝင်ကြောင်းလည်း တွေ့ရှိရသည်။
ယမန်နေ့ကလည်း ပြည်သူ့လွှတ်တော်အတွက် တပ်မတော်သားကိုယ်စားလှယ် ၁၁၀ ဦးကိုကြေညာခဲ့ပြီးဖြစ်သည်။
