၃.၂.၂၀၂၆
Written By Thandar
တေးရေး အဆိုတော် အီတိုး@ဝင်းထွဋ်သော်တာနဲ့ မမိုးမြတ်မေဇာခြည်တို့ရဲ့ စုလျားရစ်ပတ် ထိမ်းမြားမင်္ဂလာပွဲကို ဖေဖော်ဝါရီလ ၂ ရက် နံနက်ပိုင်းက ရန်ကုန်မြို့ ကမာရွတ်မြို့နယ်ရှိ Novotel Hotel မှာ ကျင်းပခဲ့ရာ အနုပညာရှင်များစွာ တက်ရောက်ခဲ့ကြပါတယ်။
“ချစ်ရတဲ့ Ito နဲ့ မိုးတို့ရဲ့ စုလျားရစ်ပတ် ထိမ်းမြားမင်္ဂလာပွဲလေးမှာ ပန်းကိုင်ကောင်လေးအနေနဲ့ပါဝင်ဖြစ်ပါတယ်။ မင်္ဂလာရက်မြတ်မှ တစ်သက်လုံး ပျော်ရွှင်ချစ်ခင်နိုင်ကြပါစေလို့ “လို့ အဆိုတော် ဇွဲပြည့်က ပြောပါတယ်။
အဆိုပါ အခမ်းအနားကို နှစ်ဖက်သော မိဘအသိုင်းအဝိုင်းတွေတက်ရောက်ခဲ့ပြီး မန္တလေးသိန်းဇော်က ဘိသိက်မြောက်ပေးခဲ့ပါတယ်။ သတို့သားနဲ့ သတို့သမီးအရံတွေအနေနဲ့ ဇွဲပြည့်၊ အောင်ထက်၊ ဗုံဗုံ၊ ဂျူဝယ်၊ ပန်းရောင်ခြယ် စတဲ့သူတွေက ပါဝင်ဆောင်ရွက်ပေးခဲ့ကြပါတယ်။
အနုပညာအသိုင်းအဝိုင်းက ရင်ဂို၊ စည်သူလွင်၊ ဆန်းထွဋ်၊ တင်တင်မြ၊ ချိုပြုံး၊ တက္ကသိုလ်လဲ့လဲ့၊ ခိုင်သင်းကြည်၊ ချောရတနာ၊ ဇွဲပြည့်၊ ခင်ပိုးပန်းချီ၊ လိမ္မော်သီး စတဲ့သူများစွာ တက်ရောက်ပေးခဲ့ကြပါတယ်။
သူတို့ကပြီးခဲ့တဲ့ ရက်ပိုင်းက ချစ်သူကောင်မလေးနဲ့ ငွေဆောင်ကမ်းခြေမှာ မင်္ဂလာညစာစားပွဲကို ကျင်းပခဲ့သေးတယ်။ လက်ရှိလက်ထပ်တဲ့ ချစ်သူလေး မမိုးမြတ်မေဇာခြည်နဲ့က ချစ်သူသက်တမ်း ၈ နှစ်ကြာတွဲခဲ့တာဖြစ်ပါတယ်။
တေးရေး တေးဆို အီတိုးကတော့ ဂီတမျိုးဆက်တေးရေးဆရာကြီး ရွှေတိုင်ညွန့်ရဲ့ မြစ်၊ ဂန္တဝင်အဆိုတော် စည်သူထားရဲ့ မြေး၊ အဆိုတော် ဇော်ဝင်းထွဋ်ရဲ့ သားလည်းဖြစ်ပါတယ်။
#အီတိုး #Ito #မိုးမြတ်မေဇာခြည် #MoeMyatMayZarchi #CeleCouple #CelebrityWedding #ZawWinHtut #ရင်ဂို #စည်သူလွင် #ချိုပြုံး #ခိုင်သင်းကြည် #လိမ္မော်သီး #စုလျားရစ်ပတ်မင်္ဂလာပွဲ









