၁. ၂. ၂၀၂၆
Written by MMAK
◾မန်ယူ Vs ဖူဟမ်
မန်စီးတီးနဲ့အာဆင်နယ်တို့ကို ဆက်တိုက်အနိုင်ရခဲ့တဲ့ ကာရစ်ရဲ့ မန်ယူအသင်းအနေနဲ့ ဒီပွဲမှာရော နိုင်ပွဲတွေ ထပ်ယူပြနိုင်မလားဆိုတာ စောင့်ကြည့်ချင်စရာ ကောင်းပါတယ်။ ဖူဟမ်ကလည်း ခြေစွမ်းကောင်းနေပြီး နောက်ဆုံးရှစ်ပွဲမှာ တစ်ပွဲသာ ရှုံးထားသလို ကွင်းလယ်တိုက်စစ်ကစားသမား ဟာရီဝီဆင်က ထူးရှယ်ခြေစွမ်းမျိုး ပြသနေပါတယ်။ ဒီပွဲစဥ်မှာ မန်ယူအသင်းက ဘော်ဒီကြေး တစ်လုံးသရေပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံးသရေ ဖြစ်ပါတယ်။ မန်ယူအသင်းက အောက်အသင်းအနေနဲ့ ကစားရတယ်ဆိုရင် အကောင်းဆုံးခြေစွမ်းမျိုး ပြသနိုင်ပေမဲ့ ခုလိုမျိုး အထက်အသင်းအနေနဲ့ ကစားရမယ်ဆိုရင် နည်းပြကာရစ်အနေနဲ့ ဘယ်လိုမျိုး စွမ်းဆောင်ပြနိုင်မလဲဆိုတာ စောင့်ကြည့်ချင်စရာ ကောင်းပါတယ်။ ဒီနှစ်သင်း နောက်ဆုံးတွေ့ဆုံမှု နောက်ဆုံးခြောက်ကြိမ်မှာ ငါးပွဲအထိ ဂိုးအောက်ခဲ့ပြီး တစ်ဖက်နဲ့တစ်ဖက် ဘောလုံးကိုင်နေတာနဲ့ အချိန်ကုန်တာများပါတယ်။ ဒီပွဲမှာလည်း မန်ယူအသင်း ကပ်နိုင်ရင်နိုင် မနိုင်ရင် သရေကျသွားနိုင်သလို အများဆုံးအနေနဲ့ နှစ်ဂိုးတစ်ဂိုးလောက်နဲ့ဘဲ ပွဲပြီးမယ် ထင်တာကြောင့် ဂိုးအောက်တစ်မျိုးတည်းကို ရွေးချယ်ပေးချင်ပါတယ်။
◾စပါး Vs မန်စီးတီး
စပါးနဲ့တွေ့ရင် အမြဲလိုလို ဒုက္ခရောက်တတ်တဲ့ မန်စီးတီးအသင်းအနေနဲ့ အခုကစားမဲ့ အဝေးကွင်းပွဲမှာ နိုင်ပွဲရယူသွားနိုင်မလားဆိုတာ စောင့်ကြည့်ချင်စရာ ကောင်းပါတယ်။ စပါးအသင်းက ပရီးမီးယားလိဂ်မှာ ငါးပွဲဆက် နိုင်ပွဲပျောက်နေပြီး အောက်ဆုံးက ဝုဗ်အသင်းပြီးရင် အိမ်ကွင်းရလဒ်အဆိုးဆုံးဆိုတဲ့ အသင်းမျိုး ဖြစ်နေပါတယ်။ ဒါ့အပြင် ဒဏ်ရာရ ကစားသမားတွေများပြားနေတာကိုလည်း တွေ့ရပါတယ်။ ဒီပွဲစဥ်မှာ မန်စီးတီးအသင်းက ဘော်ဒီကြေး တစ်လုံးငါးဆယ်စားပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံးသုံးဆယ်စား ပေါက်ပါတယ်။ ပထမအကျော့ မန်စီးတီးကွင်းမှာ နှစ်ဂိုးပြတ်ရှုံးနိမ့်ခဲ့တဲ့ မန်စီးတီးအသင်းအနေနဲ့ လူမစုံတဲ့ စပါးအသင်းကို ကလဲ့စားချေနိုင်ပွဲ ပြန်ရသွားမယ်လို့ ထင်ပါတယ်။ လက်ရှိလူစာရင်းနဲ့ ခြေစွမ်းအရ မန်စီးတီးအသင်းက အသာရနေသလို ပေါက်ကြေးအရဆိုရင်လည်း အနိုင်ရသွားနိုင်ပြီး ဇယားထိပ်ဆုံးက အာဆင်နယ်ကို ဖိအားပေးဖို့လည်း နိုင်ပွဲလိုပါတယ်။ အိမ်ကွင်းညံ့တဲ့ စပါးအသင်းကို မန်စီးတီးအသင်းက အနိုင်ရသွားမယ်လို့ ထင်တာကြောင့် မန်စီးတီးအသင်းကိုပဲ ရွေးချယ်ပေးချင်ပါတယ်။






◾အက်စတွန်ဗီလာ Vs ဘရန့်ဖို့
ဘရန့်ဖို့အသင်းက အိမ်ကွင်းသာ အရမ်းကောင်းပေမဲ့ အဝေးကွင်းဆိုရင် အရမ်းညံ့တဲ့အသင်းမျိုး ဖြစ်ပါတယ်။ ဗီလာကွင်းလယ်မှာ အဓိက ကွင်းလယ်လူ မက်ဂင်းနဲ့ ခါမာရာတို့အပြင် တိုင်းလီမန်းတို့ပါ ဒဏ်ရာပြဿနာရှိနေတာကြောင့် ဒေါက်ဂလပ်လူးဝစ်ကို ခေါ်ယူထားတာ တွေ့ရပါတယ်။ ဒီပွဲစဥ်မှာ ဗီလာအသင်းက ဘော်ဒီကြေး ပြားငါးဆယ်သာပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံးရှစ်ဆယ်စား ပေါက်ပါတယ်။ ဗီလာအသင်းအနေနဲ့ ဘရန့်ဖို့လို အဝေးကွင်းညံ့တဲ့အသင်းမျိုးကို ပြားငါးဆယ်လောက်သာ ပေးထားတာဟာ အရမ်းကိုပျော့ပါတယ်။ အသစ်ခေါ်ယူထားတဲ့ လူးဝစ်နဲ့ အေဘရာဟမ်တို့က ပရီးမီးယားလိဂ် အတွေ့အကြုံရှိကစားသမားတွေ ဖြစ်သလို အိမ်ရှင်ဗီလာအနေနဲ့ ဒီကြေးပေးတာဟာ မဖြစ်သင့်ပါဘူး။ ဂိုးပေါင်းကြေးကလည်း သုံးလုံးအပြည့်စားလောက် ပေါက်နေတာကြောင့် ဒီပေါက်ကြေးအရ အပေါ်စုံအောင်ဖို့ မလွယ်ပါဘူး။ ဗီလာအသင်းရဲ့ ဘော်ဒီကြေးတောင် မအောင်နိုင်ဘူးလို့ ယူဆထားရင် ဂိုးပေါင်းအောင်ဖို့ ပိုခက်ပါတယ်။ ဒီအတွက်ကြောင့် ဂိုးပေါင်းအောက် တစ်မျိုးတည်းကို ရွေးချယ်ပေးချင်ပါတယ်။
◾နော်တင်ဟန်ဖောရက် Vs ခရစ္စတယ်ပဲလေ့စ်
ဖောရက်အသင်းက ခြေစွမ်းအတက်ဘက်ရောက်နေပေမဲ့ ပဲလေ့စ်အသင်းက နောက်ဆုံးဆယ့်တစ်ပွဲဆက် နိုင်ပွဲပျောက်နေပါတယ်။ ဒီပွဲစဥ်မှာ ဖောရက်အသင်းက ဘော်ဒီကြေး ပြားခုနစ်ဆယ်အရှုံးပေးထားပြီး ဂိုးပေါင်းကြေး နှစ်လုံးခြောက်ဆယ်အရှုံး ပေါက်ပါတယ်။ ပဲလေ့စ်ကွင်းလယ်မှာ ဝါတန်က အနီကဒ်ထိလို့ မပါနိုင်သလို တိုက်စစ်မှူးမာတီတာနဲ့ ခါမာဒါတို့ မပါနိုင်တာကြောင့် ဒုတိယဦးစားပေး ကစားသမားတွေနဲ့ ပွဲထွက်လာရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် နည်းပြဂလက်စနာက ရာသီကုန်မှာ ထွက်ခွာတော့မယ်လို့ သတင်းထွက်ပြီးနောက်ပိုင်းမှာ ပဲလေ့စ်အသင်းရဲ့ ခြေစွမ်းပိုင်း သိသိသာသာ ကျဆင်းသွားတာမျိုး တွေ့ရတာကြောင့် ရာသီမကုန်မီတင် အထုတ်ခံရဖို့ ဖြစ်လာနိုင်ပါတယ်။ အဖက်ဖက်က ယိုယွင်းနေတဲ့ ပဲလေ့စ်အသင်းအနေနဲ့ ခြေစွမ်းကောင်းနေတဲ့ ဖောရက်အသင်းကို အနိုင်ရဖို့မလွယ်လို့ အိမ်ရှင်ဖောရက်အသင်းကိုပဲ ရွေးရမှာပါ။
◾ကိုမို Vs အတ္တလန်တာ
ကိုမိုက မထင်မှတ်ထားလောက်အောင် ခြေစွမ်းကောင်းနေပြီး ဒီရာသီမှာ ချန်ပီယံလိဂ်ဝင်ခွင့်တောင် ရသွားနိုင်သလို ဒီပွဲနဲ့ နောက်ကစားမဲ့ အေစီ၊ တီးနားနဲ့ ဂျူဗင်တပ်တို့နဲ့ ပွဲစဥ်မှာသာ ရလဒ်ကောင်းခဲ့ရင် ချန်ပီယံလိဂ်ဝင်ခွင့် ရသွားမယ်လို့ ထင်ပါတယ်။ အတ္တလန်တာကလည်း စီးရီးအေ နောက်ဆုံးငါးပွဲမှာ လေးပွဲအနိုင်ရထားပြီး တစ်ပွဲသရေနဲ့ ရလဒ်ကောင်းနေပါတယ်။ ဒီပွဲစဥ်မှာ ကိုမိုအသင်းက ဘော်ဒီကြေး ပြားငါးဆယ်အရှုံးပေးထားပြီး ဂိုးပေါင်းကြေး နှစ်လုံးရှစ်ဆယ်အရှုံးပေါက်ပါတယ်။ ဒီနှစ်သင်းလုံးက တိုက်စစ်အသားပေးတဲ့ အသင်းတွေဖြစ်ပြီး တစ်သင်းသင်းက ဂိုးအရင်ရတာနဲ့ ကျန်တဲ့အသင်းက တိုက်စစ်ဖွင့်ကစားမယ်ဆိုတဲ့ ပုံစံမျိုး တွေ့ရနိုင်ပါတယ်။ ပထမပိုင်းမှာ တစ်ဂိုးလောက်ရခဲ့ရင်တောင် ပွဲပြီးချိန်မှာ သုံးဂိုးရောက်ဖို့ မခက်ပါဘူး။ ချန်ပီယံလိဂ် ဝင်ခွင့်နေရာအတွက် အပြိုင်ဖြစ်လာနိုင်တဲ့ ဒီပွဲစဥ်မှာ အရှုံးအနိုင်အဖြေပေါ်သွားနိုင်ပြီး အပြန်အလှန်သွင်းဂိုးတွေလည်း မြင်ရနိုင်တာကြောင့် ဂိုးပေါ်တစ်မျိုးတည်းကို ရွေးချယ်ပေးချင်ပါတယ်။
