၃၁.၁.၂၀၂၆
Written By Thandar
မြန်မာ-ဂျပန် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှုအသင်း AMJSEDC က ကြီးမှူးပြုလုပ်တဲ့ “မြန်မာ-ဂျပန် ရိုးရာမုန့်ပွဲတော်” Myanmar – Japan Traditional Snacks Fair ပွဲအခမ်းအနားကို ယနေ့ ဇန်နဝါရီ ၃၁ ရက် နံနက် ၉ နာရီက ရန်ကုန်မြို့ ကန်တော်ကြီးသဘာဝဥယျာဉ်၊ ပုလဲကျွန်းမှာ စည်ကားသိုက်မြိုက်စွာကျင်းပခဲ့ရာ အနုပညာရှင်များစွာတက်ရောက်ခဲ့ပါတယ်။
“ဒီနေ့ မြန်မာ-ဂျပန် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေး AMJSEDC က ကြီးမှူးကျင်းပတဲ့ မြန်မာ့ရိုးရာမုန့်မျိုးစုံနဲ့ ဂျပန်အစားအစာဈေးရောင်းပွဲတော်ကို အားလုံးတက်ရောက်လာကြလို့ ဝမ်းသာပီတိဖြစ်ရပါတယ်။ မြန်မာနိုင်ငံနဲ့ ဂျပန်နိုင်ငံဟာ နှစ်ပေါင်းများစွာကတည်းက ခိုင်မာတဲ့ချစ်ကြည်ရေး သမိုင်းကြောင်းတွေရှိခဲ့ကြသလို လူမှုရေး၊ စီးပွားရေး၊ ယဉ်ကျေးမှုမှာလည်း အပြန်အလှန် ယုံကြည်စွာနဲ့ပူးပေါင်းဆောင်ရွက်လာတဲ့ မိတ်ဆွေကောင်းနိုင်ငံတွေလည်း ဖြစ်ပါတယ်။ အစားအစာဆိုတာ နိုင်ငံတစ်ခုရဲ့ လူမျိုးတစ်မျိုးရဲ့ ယဉ်ကျေးမှုစရိုက် လက္ခဏာကို အထင်ရှားဆုံး ဖော်ပြပေးနိုင်တဲ့ နူးညံ့တဲ့အစားအစာတစ်ခုလည်း ဖြစ်ပါတယ်။ အစားအသောက်ဖလှယ်ခြင်းဟာ လူမျိုးတစ်မျိုးနဲ့ တစ်မျိုးကြားမှာ အပြန်အလှန်နားလည်မှုကို ဖြစ်ပေါ်ရုံမကဘဲ ရင်းနှီးကျွမ်းဝင်မှုကိုလည်း ပိုမိုတိုးတက်စေတာပါ။ ဒီနေ့ ကျွန်တော်တို့ မြန်မာရိုးရာရဲ့ စစ်မှန်တဲ့မုန့်မျိုးစုံနဲ့ ဂျပန်အစားစာတွေရဲ့ စနစ်ကျမှု အနုပညာဆန်မှုတွေကို တစ်နေရာတည်းမှာပဲ မြင်တွေ့ရမှာပါ။ ကျွန်တော်တို့ ပြည်သူတွေကြားမှာ ယဉ်ကျေးမှုနဲ့ပေါင်းကူးပေးနိုင်တာပါ။ ဒီနေ့ပွဲတော်က ယဉ်ကျေးမှုဖလှယ်ရုံတင်မကဘဲ မြန်မာ-ဂျပန် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှုအသင်းရဲ့ လူမှုဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူဖြစ်စေမှာပါ”လို့ အဆိုပါပွဲ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
အဆိုပါ အခမ်းအနားကို အသေးစား-အလတ်စား လုပ်ငန်းရှင်များအသင်းက တာဝန်ရှိသူတွေ၊ YMFCCI ကတာဝန်ရှိသူတွေ၊ ဖိတ်ကြားထားတဲ့ ဧည့်သည်တော်တွေက ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ကြပါတယ်။ အဲဒီနောက် ဖွင့်လှစ်ရောင်းချထားတဲ့ဆိုင်ခန်းတွေကို လှည့်လည်ကြည့်ရှုခဲ့ကြတာလည်းဖြစ်ပါတယ်။
အနုပညာရှင်တွေဖြစ်တဲ့ အကယ်ဒမီ ကျော်ကျော်ဗို၊ ဇာတ်မင်းသား ဈာန်ဟိန်း၊ အေးသန္တာဗို၊ အဆိုတော် ဆူဇီ၊ ပတ္တမြားကေခိုင်တို့ စတဲ့သူတွေ တက်ရောက်ခဲ့ပြီးတော့ တေးသီချင်းတွေ သီဆိုဖျော်ဖြေခဲ့ကြပါတယ်။
Myanmar – Japan Traditional Snacks Fair ပွဲမှာ ဖွင့်လှစ်ရောင်းချပေးနေတဲ့ ဆိုင်ခန်းတွေက ကြိုတင် ပြိုင်ပွဲဝင်ထားပြီး ဆုရရှိထားတဲ့ ဆိုင်ခန်းပေါင်း ၂၀ က မြန်မာ့ရိုးရာအစားအစာတွေကို ဖွင့်လှစ်ရောင်းချခဲ့သလို ဂျပန်အစားအစာတွေကိုလည်း ရောင်းချပေးခဲ့တာဖြစ်ပါတယ်။
#𝐌𝐲𝐚𝐧𝐦𝐚𝐫𝐉𝐚𝐩𝐚𝐧𝐓𝐫𝐚𝐝𝐢𝐭𝐢𝐨𝐧𝐚𝐥𝐒𝐧𝐚𝐜𝐤𝐬𝐅𝐚𝐢𝐫 #KyawKyawBo #SuZi #AyeThandarBo #ZanHein
MyanmaTourismBank #MTB_Bank #MyanmarJapanTraditionalSnacksFair #AssociationofMyanmarJapan












