၂၇.၁.၂၀၂၆
Written By Thandar
ပရိသတ်ချစ်ခင်မှု များစွာရရှိထားတဲ့ အဆိုတော် သရုပ်ဆောင် ဗီတာမင်က “ဖြစ်ချင်ဦးဟဲ့အလှမယ်”ရုပ်ရှင်ဇာတ်ကားကြီးမှာ အလှမယ်မီးမီးရဲ့ မောင်၊ နှစ်ယောက်သားတွေ့ရင် အမြင်မကြည်၊ မတည့်ကြသူနေရာက ပါဝင်သရုပ်ဆောင်ထားတယ်လို့ ဖွင့်ဟလာပါတယ်။

“ကျွန်တော့်က ဒီဇာတ်ကားမှာ အလှမယ် မမီးမီးရဲ့ မောင်တစ်ယောက်နေရာက သရုပ်ဆောင်ထားပါတယ်။ ဗီတာမင်ဆိုတဲ့ နာမည်နဲ့ပဲ ပါဝင်ထားပါတယ်။ ကျွန်တော်တို့ မောင်နှမရော ကိုထူး@ထူးအံ့လွင်တို့ အများကြီးပဲ။ ခရီးသွားရင်း ကားပျက်လို့ ရွာမှာဝင်နားခဲ့တဲ့ အတွေ့အကြုံလေးကို ရိုက်ကူးထားကြတာပါ။ မမီးမီးနဲ့ ကျွန်တော်တို့က မောင်နှမဆိုပေမယ့် အရမ်းချစ်ကြတဲ့ မောင်နှမပေါ့။ တွေ့တာနဲ့ သတ်ကြတယ်လေ။ တွေ့တာနဲ့ တစ်ယောက်နဲ့ တစ်ယောက်က အမြင်မကြည်ကြဘူး။ ရန်ဖြစ်နေကြတာ။ ဒါပေမယ့် ရွာလေးကိုရောက်တော့ အလွဲလေးပေါ့။ ချစ်စရာကောင်းတဲ့ အလွဲလေးတွေပါပါတယ်။ ပါဝင်ကြတဲ့ Actor တွေလည်းများတာမို့ ပျော်စရာတွေရော၊ အမှတ်တရတွေလည်း များပါတယ်။ တစ်ကားလုံးမှာ အလွဲလေးတွေနဲ့ ပျော်စရာကောင်းတဲ့ ဇာတ်လေးပါ”လို့ ဗီတာမင်က ပြောပါတယ်။
အဆိုပါ Royal Poe Movie Production က ဇာတ်ကားကို ဇာတ်လမ်း၊ ဇာတ်ညွှန်း စွမ်းပိုင်နဲ့ ရွှန်းမီမီထက်၊ ဒါရိုက်တာ အကယ်ဒမီ ကြည်သာနဲ့ စွမ်းပိုင်တို့က ရိုက်ကူးပြီး သရုပ်ဆောင်တွေဖြစ်တဲ့ လွမ်းပိုင်၊ ထူးအံ့လွင်၊ အရိုင်း၊ ဂျိုကာ၊ ဗီတာမင်၊ ဇော်ရှိုင်းထက်၊ အကယ်ဒမီစိုးမြတ်သူဇာ၊ မီးမီး၊ သဲစုညိမ်း၊ တက္ကသိုလ် ဂွမ်းပုံ၊ နှိုင်းယှဥ်မြင့်မိုရ်၊ ဆူး၊ ဆွိ၊ မေမီလင်း စတဲ့အနုပညာရှင်များစွာ ပါဝင်ထားကြပါတယ်။
ဟာသဇာတ်မြူးပုံစံ “ဖြစ်ချင်ဦးဟဲ့အလှမယ်”ရုပ်ရှင်ဇာတ်ကားကြီးကို လာမယ့် ဇန်နဝါရီ ၃၀ ရက်မှာ မြန်မာ တစ်ပြည်လုံးရှိ အဆင့်မြင့် ရုပ်ရှင်ရုံတွေမှာ ရုံတင်ပြသတော့မှာလည်း ဖြစ်ပါတယ်။
#လွမ်းပိုင် #သဲစုညိမ်း #ထူးအံ့လွင် #zawshinehtet #meemee #vitamin #ဗီတာရှိုင်း #RoyalPoeMovie #royalpoemovieproduction #ဖြစ်ချင်ဦးဟဲ့အလှမယ် #ဟာသဇာတ်မြူး

