







၂၅.၁.၂၀၂၆
Written by Nay Yaung Lin
၂၀၂၅ ရွေးကောက်ပွဲ အပိုင်း(၃)တွင် ပါဝင်သည့်
ဒဂုံမြို့နယ်တွင် ယောမင်းကြီးရပ်ကွက်ရှိ အထက (၁)ဒဂုံကျောင်း၌ ပြည်သူများ ဆန္ဒမဲလာရောက်ပေးနေမှုမြင်ကွင်းများကို ဖော်ပြအပ်ပါသည်။
အထက (၁) ဒဂုံကျောင်းတွင် အမှတ်(၁) မဲရုံ(မဲပေးခွင့်ရှိသူ ၂၁၈၄ ဦး) နှင့် အမှတ်(၂) မဲရုံ(မဲပေးခွင့်ရှိသူ ၁၉၅၃ ဦး)တို့ တည်ရှိပြီး ဒဂုံမြို့နယ်တွင် မဲရုံစုစုပေါင်း ၁၄ ရုံတည်ရှိကြောင်း သိရသည်။
၂၀၂၅ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း (၃) ကို နိုင်ငံတစ်ဝန်း မြို့နယ်ပေါင်း ၆၃ ခု၌ ကျင်းပလျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီးအတွင်း ဒဂုံ၊ လမ်းမတော်၊ ဆိပ်ကြီး/ခနောင်တို၊ဒလ၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း)၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း)၊ မင်္ဂလာတောင်ညွန့်၊ သာကေတ၊ မြောက်ဥက္ကလာပ၊ တာမွေ၊ ရန်ကင်း၊ ကျောက်တန်း၊ ခရမ်း၊ သုံးခွ၊ စမ်းချောင်း၊ လှိုင်သာယာ (အနောက်ပ်ိုင်း)၊ လှိုင်သာယာ ( အရှေ့ပိုင်း) စသည့် ၁၇ မြို့နယ်တွင် ကျင်းပနေခြင်းဖြစ်သည်။
