




၂၅.၁.၂၀၂၆
Written by Thettant
၂၀၂၅ ရွေးကောက်ပွဲ အပိုင်း(၃)ကို ယနေ့နံနက် ၆ နာရီမှ စတင် မဲရုံများဖွင့်လှစ်ခဲ့ရာ ရွေးကောက်ပွဲကျင်းပသည့် မြို့နယ် ၆၁ မြို့နယ်တွင် မန္တလေးတိုင်းဒေသကြီးသည်လည်း မြို့နယ်ရှစ်ခုပါဝင်ခဲ့ပြီး အဆိုပါရွေးကောက်ပွဲကျင်းပသည့်မြို့နယ်များမှ ပြည်သူများ၏ မဲပေးမှုကို နိုင်ငံတော်ယာယီသမ္မတက လိုက်လံကြည့်ရှုအားပေးခဲ့သည်။




၂၀၂၅ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း (၃)တွင် မန္တလေးတိုင်းဒေသကြီး၌ ရွေးကောက်ပွဲ ကျင်းပသည့် မြို့နယ်များမှာ မြစ်သားမြို့နယ်၊ ချမ်းမြသာစည်မြို့နယ်၊ မလှိုင်မြို့နယ်၊ တောင်သာမြို့နယ်၊ မြင်းခြံမြို့နယ်၊ ငါန်းဇွန်မြို့နယ်၊ သပိတ်ကျင်းမြို့နယ်နှင့် ပုသိမ်ကြီးမြို့နယ်တို့ဖြစ်သည်။
