





၂၅.၁.၂၀၂၆
Written by Thiri
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှိုင်သာယာအရှေ့ပိုင်းမြို့နယ်အတွင်းက အမှတ် (၁၅) ရပ်ကွက်၊ မဲရုံအမှတ် (၈) မှာ ရပ်ကွက်နေပြည်သူတချို့ မဲပေးနေတဲ့ မြင်ကွင်းပဲ ဖြစ်ပါတယ်။
လှိုင်သာယာ (၁၅) ရပ်ကွက်မှာ မဲရုံပေါင်း (၈) ရုံရှိပြီး မဲရုံတည်နေရာတွေကို ဆန္ဒမဲပေးမယ့်ပြည်သူတွေ အလွယ်တကူရှာဖွေနိုင်ဖို့ မဲနံပါတ်စဉ်တွေနဲ့ မဲရုံတိုင်းရဲ့ရှေ့မှာ ဗီနိုင်းထုတ်ကာ ဆိုင်းဘုတ်ထောင်ပေးထားတာလည်း တွေ့မြင်ရပါတယ်။
ရပ်ကွက်တစ်ခုလုံးအနေနဲ့ မဲပေးပိုင်ခွင့်ရှိသူဦးရေ ၈၀၀၀ ကျော်ရှိပြီး အမှတ် (၁၅) ရပ်ကွက်ရဲ့ အမှတ် (၈) မဲရုံမှာတော့ ဆန္ဒမဲပေးပိုင်ခွင့်ရှိတဲ့ လူဦးရေ အမျိုးသား ၅၁၈ ဦးနဲ့ အမျိုးသမီး ၅၈၁ ဦး စုစုပေါင်း ၁၀၉၉ ဦး ဖြစ်ပါတယ်။
