၂၄. ၁. ၂၀၂၆
Written by MMAK
◾မန်စီးတီး Vs ဝုဗ်
မန်စီးတီးက နောက်ဆုံးနှစ်ပွဲမှာ မန်ယူနဲ့ ဘိုဒိုဂလင့်တို့ကို အရှုံးပေးခဲ့ရသလို ထိပ်ဆုံးက အာဆင်နယ်အသင်းနဲ့ ခုနစ်မှတ်ပြတ်နေပါတယ်။ ဒီပွဲပြီးရင် ဂါလာတာစာရေးနဲ့ ချန်ပီယံလိဂ် နောက်ဆုံးပွဲကို ကစားရမှာ ဖြစ်ပြီး ထိပ်ဆုံးရှစ်သင်းဝင်ဖို့အတွက် အနိုင်ရဖို့ အရေးကြီးပါတယ်။ ချန်ပီယံလိဂ်ပွဲပြီးရင် စပါးနဲ့ လီဗာပူးတို့လို အသင်းကြီးတွေနဲ့ ထပ်ကစားရပါမယ်။ ဒီလိုအချိန်မှာ ဇယားအောက်ဆုံးက ဝုဗ်အသင်းနဲ့ လာတွေ့နေတာဟာ နိုင်ပွဲရဖို့ သေချာနေပြီး ယုံကြည်မှု ပြန်လည် တည်ဆောက်ရမဲ့ ပွဲစဥ်မျိုးပါ။ ဒီပွဲမှာ မန်စီးတီး အသင်းက ဘော်ဒီကြေး နှစ်လုံးငါးဆယ်စား ပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံးသုံးဆယ်အရှုံး ပေါက်ပါတယ်။ နောက်ဆုံးငါးပွဲဆက် ရှုံးပွဲမရှိတဲ့ ဝုဗ်ကြောင့် ဒီကြေးက ပျော့တယ်လို့ ပြောလို့မရပေမဲ့ ဂိုးပေါင်းကြေးကတော့ အနည်းငယ် ပျော့ပါတယ်။ ဒီဂိုးပေါင်းကြေးက ဝုဗ်အသင်း ဂိုးရဖို့ခက်တယ်ဆိုတဲ့ ပေါက်ကြေးဖြစ်ပြီး မန်စီးတီး တစ်သင်းတည်းရဲ့ သွင်းဂိုးကိုပဲ မြင်ရနိုင်ပါတယ်။ အိမ်ကွင်းပွဲမှာ အနိုင်သေချာနေပြီး နှစ်ဂိုးပြတ်ဖို့မခက်ဘူးလို့ ပြောရမှာဖြစ်ပေမဲ့ ထိုးသားတိုင်းကြိုက်နေတဲ့အချက်ကြောင့် ဘောနိုင်ကြေးရှုံးအကွက်တော့ ကြောက်ရပါတယ်။ သို့ပေမဲ့ ဒီပွဲမှာတော့ မန်စီးတီးအသင်းကလွဲပြီိး ရွေးစရာ မရှိပါဘူး။
◾ဘန်လေ Vs စပါး
စပါးတိုက်စစ်မှာ ဆိုလန်ကီပြန်ပါလာသလို နောက်ချန်တိုက်စစ်မှာ ဇာဗီဆိုင်မွန်နဲ့အတူ ကွင်းလယ်မှာ အသစ်ဝယ်ထားတဲ့ ဂါလက်ချာနဲ့ အာဖရိကဖလားပွဲက ပြန်လာတဲ့ ပါပေဆားတို့ အစုအဖွဲ့က ပိုပြီးတော့ ကောင်းလာမယ်လို့ ထင်ပါတယ်။ ဖရန့်ဖတ်နဲ့ ချန်ပီယံလိဂ်ပွဲက သရေလောက်ရထားရင်တောင် ထိပ်ဆုံးရှစ်သင်းထဲ ဝင်သွားနိုင်ပြီး အရေးကြီးတာက ပရီးမီးယားလိဂ်မှာ နိုင်ပွဲပြန်ရဖို့ပါ။ စပါးက ပရီးမီးယားလိဂ်မှာ နောက်ဆုံးလေးပွဲဆက် နိုင်ပွဲပျောက်ထားပြီး ဒီပွဲပြီးရင် မန်စီးတီး၊ မန်ယူ၊ နယူးကာဆယ်၊ အာဆင်နယ် တို့လို အသင်းကြီးတွေနဲ့ ဆက်တိုက်ကစားရမှာမှာ ဖြစ်တဲ့အတွက် ဒီပွဲမှာ အနိုင်ရထားဖို့ ကြိုးစားလာနိုင်ပါတယ်။ ဘန်လေက တိုက်စစ်အသားပေး ကစားတတ်ပြီး ဂိုးရအောင် သွင်းနိုင်တယ်ဆိုပေမဲ့ ခံစစ်က ဂိုးပေးရတာ ပိုများနေပါတယ်။ ဒီပွဲမှာ စပါးအသင်းက ဘောဒီကြေး ပြားခြောက်ဆယ်အရှုံးသာ ပေးထားပြီး ဂိုးပေါင်းကြေးကလည်း နှစ်လုံးခုနစ်ဆယ်အရှုံးသာ ပေါက်ပါတယ်။ ပထမအကျော့မှာ တစ်လုံးသရေပေးခဲ့တဲ့အတွက် ဒီပွဲမှာ သရေအရှုံးပေးရမှာ ဖြစ်ပြီး အဝေးကွင်းအကောင်းဆုံး အသင်းလို့ သတ်မှတ်ထားတဲ့ စပါးအသင်းရဲ့ ဘော်ဒီကြေးက အနည်းငယ် ပျော့နေပါတယ်။ ဒါပေမဲ့ အချက်အလက်တွေအရ စပါးကိုရွေးချယ်ရမှာ ဖြစ်သလို စပါးအသင်းရဲ့ ဘော်ဒီကြေးကလည်း ဘွတ်ကီတွေရဲ့ ပေါက်ကြေးလှည့်ကွက်တစ်ခုလို့ ထင်တာကြောင့် စပါးအသင်းကိုပဲ ရွေးချယ်ပေးချင်ပါတယ်။






◾ဘုန်းမောက် Vs လီဗာပူး
ဘုန်းမောက်အသင်းက အဓိက ကစားသမား ဆီမန်ညိုကို ထုတ်ရောင်းထားပြီး တိုက်စစ်ပိုင်းမှာ ကူလီဗတ်၊ တာဗာနီယာနဲ့ ယူနယ်တို့က ဒဏ်ရာပြဿနာရှိနေပါတယ်။ ဒီတော့ ဘုန်းမောက်အသင်းရဲ့ တောင်ပံနှစ်ဖက်မှာ ဂျင်မီနက်နဲ့ အဒီတို့ ပွဲထွက်လာနိုင်ပြီး သူတို့နှစ်ယောက်လုံး ပွဲနှစ်ဆယ်လောက် ကစားပြီးချိန်မှာ တစ်ဂိုးသာ သွင်းထားနိုင်ပါတယ်။ လီဗာပူးအသင်းကလည်း ဘောလုံးကိုင်ကစားပြီး ဂိုးရဖို့ စိတ်ရှည်စွာ ကစားတတ်တာမျိုးနဲ့ ခံစစ်လုံအောင် ကစားနေတာမျိုးတွေ တွေ့နေရပါတယ်။ ပြိုင်ဘက်အသင်းက နှစ်ဂိုးလောက် သွင်းမှသာ ဂိုးပေါ်တာမျိုး ဖြစ်တတ်ပြီး သူမသွင်းရင် ကိုယ်လည်းမသွင်းဘဲ အနိုင်တစ်ဂိုးလောက်နဲ့ ထိန်းမယ်ဆိုတဲ့ ပုံစံမျိုး တွေ့ရပါတယ်။ ဒီပွဲမှာ လီဗာပူးအသင်းက ဘော်ဒီကြေး တစ်လုံး ကိုးဆယ်စားပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံးသရေပေါက်ပါတယ်။ အပေါ်မှာပြောခဲ့သလို နှစ်သင်းလုံးရဲ့ တိုက်စစ်ပိုင်းကို အားမရတာကြောင့် ဒီပွဲက လေးဂိုးရောက်ဖို့ မလွယ်ပါဘူး။ နောက်တစ်ချက်က လီဗာပူးအသင်းရဲ့ ဘော်ဒီကြေးကလည်း ကပ်နိုင်ရင်နိုင် မနိုင်ရင်သရေဆိုတဲ့ ပေါက်ကြေးမျိုးဖြစ်တာကြောင့် ဂိုးပြတ်နိုင်မဲ့ အနေအထားမျိုး မရှိပါဘူး။ ဒီပွဲမှာ အများဆုံးအနေနဲ့ သုံးဂိုးလောက်သာ ဖြစ်နိုင်ပြီး လေးဂိုးရောက်ဖို့ မလွယ်ဘူးလို့ ထင်တာကြောင့် ဂိုးအောက်တစ်မျိုးတည်းကို ရွေးချယ်ပေးချင်ပါတယ်။
◾ဝက်စ်ဟမ်း Vs ဆန်းဒါးလန်း
တန်းတက်ဆန်းဒါးလန်းအသင်းက အိမ်ကွင်းရှုံးပွဲ မရှိသေးပေမဲ့ အဝေးကွင်းဆိုရင် သရေတစ်မှတ်ကိုသာ ဦးတည်ကစားတတ်တဲ့ အသင်းမျိုးဖြစ်ပြီး တိုက်စစ်ကလည်း ငါးဂိုးသာ သွင်းထားနိုင်ပါတယ်။ တန်းဆင်းဇုန်ထဲရောက်နေတဲ့ ဝက်စ်ဟမ်းအသင်းက လက်ကျန်ရာသီဝက်မှာ အစွမ်းကုန်ရုန်းပြဖို့ ကြိုးစားနေပြီး ဇန်နဝါရီအပြောင်းအရွေ့မှာ တိုက်စစ်ပိုင်းက နှစ်ယောက်တောင် ခေါ်ယူအားဖြည့်ထားပါတယ်။ ဒီပွဲစဥ်မှာ ဝက်စ်ဟမ်းအသင်းက ဘော်ဒီကြေး ပြားသုံးဆယ်ပေးထားပြီး ဂိုးပေါင်းကြေး နှစ်လုံးငါးဆယ်အရှုံး ပေါက်ပါတယ်။ တန်းဆင်းဇုန်အထက်နားက ဖောရက်အသင်းတောင် အိမ်ရှင်ဖြစ်တဲ့ ဝက်စ်ဟမ်းအသင်းကို အထက်ကြေးပေးခဲ့တာ တွေ့ရသလို ဒါဘီပြိုင်ဘက် ဖူဟမ်က ဒဲ့ကြေးပေးခဲ့ပြီး ဆန်းဒါးလန်းရဲ့အောက်က ဘရိုက်တန်က သရေအရှုံးတောင် ပေးခဲ့ပါတယ်။ ဒီအသင်းတွေထက် အဆင့်ရပ်တည်မှု ပိုကောင်းတဲ့ ဆန်းဒါးလန်းက ကြေးကြောမပေးနိုင်တဲ့အပြင် ဝက်စ်ဟမ်းကတောင် ကြေးပြန်ပေါက်နေတာတွေ့ရတာကြောင့် ဒီပေါက်ကြေးအရ အိမ်ရှင်ဝက်စ်ဟမ်းအသင်း နိုင်ရင်နိုင် မနိုင်ရင်တောင် မရှုံးဘူးလို့ ထင်ပါတယ်။ လူသစ်တွေခေါ်ယူအားဖြည့်ထားပြီး ဘိုဝင်နဲ့ ဆာမာလီဗာတို့လို ကစားသမားတွေနဲ့ ပေါင်းစပ်ထားတဲ့ ဝက်စ်ဟမ်းအသင်းရဲ့ တန်းဆင်းဇုန်ရုန်အားကို မြင်ရနိုင်တာကြောင့် ဝက်စ်ဟမ်းအသင်းကို ကြိုက်ပါတယ်။
◾ဖူဟမ် Vs ဘရိုက်တန်
အမှတ်ပေးဇယားအလယ်က အသင်းနှစ်သင်း ထိပ်တိုက်တွေ့နေတာဖြစ်ပြီး ခြေရည်တူအသင်းနှစ်သင်းလို့ ပြောလို့ရတာကြောင့် ဘော်ဒီကြေး ဒဲ့ပေါက်နေပြီး ဂိုးပေါင်းကြေးကတော့ သုံးလုံးခြောက်ဆယ်စား ပေါက်ပါတယ်။ ပထမအကျော့မှာ တစ်ဖက်တစ်ဂိုးစီနဲ့ သရေဖြစ်ခဲ့ပြီး ဘရိုက်တန်ဟာ ဖူဟမ်ကွင်းမှာ အနိုင်မရတာ ရှစ်နှစ်နီးပါး ကြာမြင့်နေပြီဖြစ်သလို လက်ရှိဖူဟမ်အသင်းရဲ့ အိမ်ကွင်းခြေစွမ်းကလည်း အနည်းငယ် ပိုသာပါတယ်။ ဘော်ဒီကြေးက ဒဲ့ပေါက်နေပေမဲ့ ဂိုးပေါင်းကြေးက သုံးလုံးခြောက်ဆယ်စား ပေါက်နေတာကြောင့် အပြန်အလှန်ဂိုးတွေ မြင်တွေ့ရနိုင်သလို ဥရောပဝင်ခွင့်နေရာနဲ့ ငါးမှတ်လောက်သာ ကွာဟတဲ့ ရပ်တည်မှုကြောင့် အရှုံးအနိုင် အဖြေပေါ်သွားနိုင်တဲ့ ပွဲစဥ်မျိုးလည်း ဖြစ်လာနိုင်ပါတယ်။ နောက်ဆုံးတွေ့ဆုံမှု လေးကြိမ်မှာလည်း သုံးပွဲထိ ဂိုးပေါ်ထားခဲ့ပြီး ဖူဟမ်အသင်းက အသာရတဲ့ မှတ်တမ်းမျိုးကိုလည်း တွေ့ရပါတယ်။ ဒီပွဲက အိမ်ရှင်ဖူဟမ်အနိုင်ရသွားမလား ဂိုးပေါ်သွားမလားဆိုတဲ့ အချက်နှစ်ချက်ကို မြင်တွေ့ရပြီး နှစ်ခုလုံးလည်း ဖြစ်သွားနိုင်ပါတယ်။ ဒီအတွက်ကြောင့် အိမ်ကွင်းအားသာချက်ရှိနေတဲ့ ဖူဟမ်ဘော်ဒီနဲ့ ဂိုးပေါ်ကို ရွေးချယ်ပေးချင်ပါတယ်။
